Chapter (23.1)

1.9K 407 7
                                    

Unicode

Chapter (23.1)
 

ချင်းလောင်က နောက်ဆုံးတော့ ချင်းဖန်းအား ရှေ့နေတစ်ယောက်ကို ရှာစေပြီး ကွာရှင်းချက်သဘောတူညီစာချုပ်တစ်ခုအားရေးဆွဲစေသည်။

ချင်းဖန်းက ပျော်ပျော်ကြီးပဲ ချင်းလောင်ဆီသို့ ပို့လိုက်၏။ပျော်ရွှင်နေလိုက်တာများ သူ့ပုံက သူနောက်နေ့မင်္ဂလာဆောင်တော့မယ့် အတိုင်းပင်။

အပြန်လမ်းမှာ ချင်းလောင် systemအားမေးလိုက်သည်။
"မူလပိုင်ရှင်ရဲ့ ဆန္ဒကဘာလဲ။ရန်ဟန့်ရဲ့ အချစ်ကို ရဖို့လောက်ပဲတော့ မဟုတ်ဘူးဟုတ်?"

Systemက တိတ်ဆိတ်သွားပြီး:
"အမှန်ပဲ၊ဒီတစ်ခေါက်ရဲ့ အပိုတာဝန်က အဓိက တာဝန်နဲ့ အတူတူပဲ"

"ငါခန့်မှန်းကြည့်မယ်၊ရန်ဟန့်ရဲ့ ငါ့အပေါ်နှစ်သက်မှုက ဘောလုံးလေးပဲ(0)။"
ချင်းလောင်က မီးနီပြနေသောကြောင့်ရပ်လိုက်သည်။မနီးမ‌ဝေးမှာရှိတဲ့ စီးပွားရေးplazaရဲ့ screenကြီးကြီးပေါ်မှာတော့ အဆိုတော်တစ်ယောက်ရဲ့ talent showအား ပြသနေ၏။

System:"... တကယ်ကို ကြက်ဥ ဇီးရိုးပါပဲ"

"*ကျစ်"
ချင်းလောင်က သူ့မျက်လုံးများအား screen‌ ပေါ်မှာ သီချင်းဆိုနေတဲ့ ရှောင်ရှန်းရုန်ရဲ့ လှပတဲ့ မျက်နှာပေါ်မှ ခွာလိုက်ပြီး သူနဲ့ ရန်ဟန်နေတဲ့ အထပ်မြင့် ဗီလာသို့ ကားပြန်မောင်းသွားလိုက်သည်။

ချင်းလောင် ကားဂိုဒေါင်ထဲ ကားရပ်လိုက်ပြီး အိမ်တံခါးကို ဖွင့်လိုက်ကာ အိပ်ခန်းထဲသို့ ဝင်လိုက်သည်။ထို့နောက် မျက်မှန်ကိုချွတ်လိုက်ပြီး ပါးလွှာတဲ့ စာချုပ်ကလေးအား အိပ်ယာဘေးရှိ စားပွဲပေါ်တင်လိုက်သည်။

သူခဏလောက်တွေးနေပြီးနောက်မှာတော့ ဘော့ပင်ကို ယူလိုက်ပြီး နောက်ဆုံးစာမျက်နှာပေါ် သူ့နာမည်လေး လက်မှတ်ထိုးလိုက်သည်။ထို့နောက် ဘော့ပင်ကိုချကာ စာချုပ်အား အံဆွဲထဲသို့ ထည့်လိုက်၏။

ဒါက ရန်ဟန်နဲ့ ခွဲပြီးနေရတဲ့ ချင်းလောင်ရဲ့ အိပ်ခန်းလေးပင်။သူတို့က အိပ်ခန်းတစ်ခန်းထဲ အတူတူမသုံးတဲ့အတွက် ရန်ဟန် ဒါကို ကြိုပြီး ရှာတွေ့သွားမှာကိုတော့ ချင်းလောင် စိတ်မပူပါပေ။

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now