Unicode
Chapter (11.1)
Kမြို့၊မြို့ရဲ့တောင်ဘက်မှာရှိတဲ့ သီးသန့်အိမ်ကြီးမှာ ပါတီတစ်ခုကျင်းပနေသည်။ကျင်းပရတဲ့ အကြောင်းကတော့ ဖန်းမိသားစုရဲ့ 18နှစ်လောက်ပျောက်နေခဲ့တဲ့ အကြီးဆုံးသားက နောက်ဆုံးတော့ အိမ်ကို ပြန်ရောက်လာခြင်းကြောင့်ပင်။
ဖန်းမိသားစုက သေးငယ်တဲ့မိသားစုတော့မဟုတ်ပေ။လွန်ခဲ့တဲ့ 18နှစ်လောက်တုန်းကတောင် ချင်းမိသားစုနဲ့ ခြေရာတိုင်းလို့ရတယ်လို့ပြောကြသည်။ဒါပေမယ့် သူတို့က အချိန်အကြာကြီးပျောက်သွားခဲ့သည်။သူတို့နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ကြတာဖြစ်နိုင်ပြီး လွန်ခဲ့တဲ့ ငါးနှစ်မှာတော့ Kမြို့ထဲသို့ ရုတ်တရက်ပင် ပြင်းပြင်းထန်ထန်ထိုးဖောက်ဝင်ရောက်လာခဲ့သည်။အခုတော့ သူတို့မှာ ကိုယ်ပိုင် ချုပ်ကိုင်ထားတဲ့စက်မှုလုပ်ငန်းပင်ရှိနေပြီဖြစ်၏။
ဖန်းမိသားစုက အရင်လို မဟုတ်တော့ပေ။
ဒီအချိန်မှာပဲ ချင်းလောင်သည် အနက်ရောင် suitကိုဝတ်ဆင်ထားပြီး ဘာအမူအရာမှ ရှိမနေတဲ့ ရဲ့ချန့်၏ အိမ်နောက်ဖေးကွက်လပ်ဆီသို့ ဆွဲခေါ်သွားခြင်းကိုခံလိုက်ရ၏။
ချင်းလောင် ပတ်ပတ်လည်ကို အိပ်မက်မက်နေသလိုပဲ လှည့်ပတ်ကြည့်မိသည်။
"သခင်လေးချန့်?"ရဲ့ချန့် သူ့ရဲသွားဖြူဖြူတွေပေါ်အောင်ရီလိုက်ရင်း"သခင်လေးချင်း၊မင်းကိုငါ မတွေ့ရတာတောင်ကြာပြီ။ငါတို့နောက်ဆုံးဆုံခဲ့တဲ့အချိန်ကစပြီး မင်းနေကောင်းနေမယ်လို့ ငါမျှော်လင့်ပါတယ်။"
"ဘုရားရေ..."ချင်းလောင် ဆွံ့အသွားရ၏။သူ့ရဲ့ အမူအရာက ရဲ့ချန့်ထက်တောင်ပို စိတ်လှုပ်ရှားနေပေသည်။
"ငါလုံးဝထင်မထားဘူး....ဘယ်လိုဖြစ်လို့ အိပ်မက်လိုခံစားနေရတာပါလိမ့်။မင်းကိုကြည့်ပါအုံး။သခင်ငယ်လေးကနေ ရုတ်တရက်ကြီး ဒေဝါလီခံလိုက်ရပြီး ဆင်းရဲသားလေးဖြစ်သွားတယ်။နှစ်နှစ်လောက်ဆင်းရဲပြီးတဲ့နောက်မှာတော့ မင်းရဲ့မိဘတွေက မင်းကိုရုတ်တရက်ကြီးပြန်ရှာတွေ့သွားပြီး ရုတ်တရက်ကြီးပဲမင်းသားလေးဖြစ်လာတယ်!အာာားးးး!ငါမယုံနိုင်သေးဘူး!ဒါကဝတ္ထု ကျနေတာပဲ!မင်းရဲ့မိဘတွေရောဘယ်မှာလဲ။ငါပြောချင်တာက မင်းရဲ့မွေးစားအဖေ၊သူတို့..."