Unicode
Chapter 25.1
အခန်းထဲမှာတော့ အချိန်ကြာမြင့်စွာ တိတ်ဆိတ်မှုများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ပိန်းပါးလှတဲ့ကောင်လေးကတော့ မီးတောက်လောင်နေသော အကြည့်တစ်ခုဖြင့် ရန်ဟန့်အား ကြည့်နေဆဲပင်ဖြစ်ပြီး နောက်ပြန်ဆုတ်ဖို့ရာကို ငြင်းဆန်နေတော့သည်။
ရန်ဟန်မှ စိတ်လှုပ်ရှားခြင်းမရှိသော အသံဖြင့် မေးမြန်းလာ၏။
"ဒါက မင်းတကယ်လိုချင်တဲ့ ဟာလား"ချင်းလောင်ပြုံးလိုက်၏။သူပြုံးလိုက်တဲ့ အချိန် သူ့မျက်လုံးလေးတွေက အလိုအလျောက်ပဲ လခြမ်းလေးလိုမျိုး ကွေးသွားလိုက်တာ အလွန်ကိုမှ လှပလှပေသည်။
"ဟုတ်တယ်"မင်းက ငါအလိုချင်ဆုံးအရာကိုပေးတယ်၊အဲ့ဒါကြောင့် ငါကလည်း မင်းအလိုချင်ဆုံးအရာကိုပေးမယ်။မျှတာပဲ မဟုတ်လား....
ချင်းလောင်က စကားနှစ်လုံးကိုသာ ပြန်ဖြေခဲ့ပေမယ့် ရန်ဟန်ကတော့ ထိုစကားနောက်ကွယ်မှ ဝှက်ကွယ်ထားတဲ့ အဓိပ္ပါယ်အား ကြားနိုင်ပေသည်။
ရန်ဟန်၏ မျက်လုံးများဟာ မှောင်မိုက်လာ၏။သူက ငြင်သာတဲ့အပြုံးတစ်ပွင့်အား ပြုံးလိုက်ရင်း:"ကောင်းပြီလေ၊ မင်းသဘောပဲပေါ့"
ထို့နောက်မှာတော့ တည်ငြိမ်နေတဲ့ကောင်လေးက ချက်ချင်းရှက်သွေးဖြာသွားတဲ့ ပုံစံကို သူကြည့်နေလိုက်သည်။သူက နောက်ဘာဆက်လုပ်ရမလဲဆိုတာကို မသိတဲ့ပုံစံနဲ့ ထိုနေရာ၌ ငေးကြောင်ကြောင်လေးရပ်နေပြီး သူ့(ရန်ဟန်)အား ရှက်ရွံ့စွာကြည့်နေ၏။
ရန်ဟန်က သူ့ကို ခဏမျှကြည့်နေပြီးနောက်မေးလာ၏။
"မင်းရေချိုးပြီးပြီလား"ချင်းလောင်ရဲ့ နားရွက်ကလေးတွေကလည်း နီရဲသွားပြီး:"ဆေးကြောပြီးပါပြီ...."
"ဖြေလျော့တာ ဘာညာရော?"
ရန်ဟန် ထပ်မေးလိုက်သည်။ချင်းလောင် သူ့အားတိုက်ရိုက်ကြည့်လိုက်ပြီး:"ငါ....ငါမလုပ်ရသေး..."
ရန်ဟန့်ရဲ့နှုတ်ခမ်းတွေက အနည်းငယ်ဆိုးသွမ်းသော အပြုံးတစ်ပွင့် အဖြစ်သို့ ကွေးညွတ်သွား၏။အလွန်ကိုမှ ဆွဲဆောင်မှုရှိပြီး အနည်းငယ်လည်း ရမ္မက်နိုးကြွနေပေသည်။ဒီလိုပုံစံမျိုးဖြင့် ရန်ဟန့်အား သူအရင်က လုံးဝမမြင်ဖူးပါပေ။
"ဒီကိုလာခဲ့"