Unicode
Chapter (9.2)
ချက်ချင်းပဲ ချင်းလောင်က ရဲ့ချန့်ကို အဝေးသို့တွန်းထုတ်လိုက်၏။ရဲ့ချန့်လည်း မြန်မြန်ပဲ နောက်ပြန်ဆုတ်လိုက်သည်။သူ ချင်းလောင်ရဲ့ မျက်နှာအား မကြည့်ရဲပါပေ။
"ငလူး!"ချင်းလောင် ဘယ်နေရာမှာမှ ဒေါသဖြေဖို့ ထွက်ပေါက်မရှိခဲ့ပေ။သူရဲ့ချန့်ကို ဒေါသထွက်လိုက်ချင်ပေမယ့် ရဲ့ချန့်တမင်လုပ်တာ မဟုတ်မှန်းသူသိသည်။
နောက်တန်းမှာရှိနေတဲ့ ကျောင်းသားအကုန်နီးပါး ဒါကို မြင်သွားကြသည်။ရယ်မောသံများထွက်ပေါ်လာခဲ့ပြီး ရယ်ရလွန်း၍ သူတို့ရဲ့မျက်လုံးတွေတောင်နီနေကြသည်။ချင်းလောင် ကမူးရှူးထိုးဖြင်သွားပြီး စာအုပ်တစ်အုပ်ကို ယူလိုက်ကာ သူ့ကို ရယ်နေတဲ့ လူဆီကို ပစ်လိုက်၏။အထက်တန်းကျောင်းမှာက စာအုပ်တွေအများကြီးရှိတဲ့အတွက် ခုံစောင်းပေါ်မှာရှိတဲ့တောင်လိုပုံနေတဲ့ စာအုပ်တွေက အဝေးသို့ လျင်လျင်မြန်မြန်ပဲ ချင်းလောင်ရဲ့ လွှင့်ပစ်ခြင်းကိုခဲ့လိုက်ရသည်။
သူ့ရင်ဘက်က ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည်လှုပ်ရှားနေပြီး သူ့မျက်နှာတွေလည်း နီနေသေးသည်။သူ့ထံ၌ ဒေါသပြေပြောက်သွားမယ့် အရိပ်အယောင်လုံးဝ မရှိပါချေ။
တစ်ဖက်မှာတော့၊ရဲ့ချန့်က တိတ်ဆိတ်နေ၏။ကုန်းလိုက်ပြီး ချင်းလောင် လွှင့်ပစ်ထားတဲ့ စာအုပ်တွေကို တစ်အုပ်ချင်းဆီလိုက်ကောက်နေသည်။သူ့ရဲ့ အသားအရောင်လည်း ပြန်အဆင်ပြေလာပုံရသည်။
ချင်းလောင်က အတန်းမစခင် အချိန်ထိကို ပြဿနာရှာနေခဲ့သည်။သူ့ရင်ဘက်ကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး ကျောက်သင်ပုန်းအား သတ်ဖြတ်ပစ်ဖို့ ကြိုးစားနေသလိုပုံဖြင့် ဒေါသတကြီးစိုက်ကြည့်နေ၏။သူ့ရဲ့ အနမ်းဦးလေးက ဒီလိုမျိုးဖြစ်သွားတာကို သူအခုထိ လက်မခံသေးပေ။သူ့အချစ်ဆုံးသူငယ်ချင်းကြီးရဲ့ အမှတ်မထင် လုယက်ခံလိုက်ရတာကိုရောပဲ။ချင်းလောင် ဒေါသတကြီးဖြင့် wet wipesတွေကို ဆွဲထုတ်လိုက်သည်။သူက ငြင်သာဖို့တောင် မကြိုးစားတော့ဘဲ သူ့ပါးစပ်ကို ခပ်ကြမ်းကြမ်း ပွတ်တိုက်လိုက်သည်။သွားဖုံးတွေ ပွန်းပဲလာတဲ့ အချိန်မှာတော့ ဒေါသထွက်တဲ့ အသံလေးထွက်လာသည်။