Unicode
Chapter (30.1)
ချင်းလောင်ရဲ့စကားတွေကို ကြားရပြီးတဲ့နောက်မှာတော့ အမေရန်ဟာ ဆက်ပြီးမနေရဲတော့ပါပေ။သူမက ဓာတ်ဘူးတွေကိုသယ်ပြီး ဆေးရုံအဆောင်အပြင်ဘက်သို့ ထွက်လာခဲ့တော့သည်။
ထို့နောက်မှာတော့ တံခါးဘေးမှာရှိနေတဲ့ သူမသားကိုတွေ့လိုက်ရသည်။
ရန်ဟန့်ရဲ့မျက်နှာ၌ အချိန်အတော်ကြာမျှဖော်ပြခဲ့ခြင်းမရှိတဲ့ ဝမ်းနည်းနေမှန်း ထင်ရှားလှတဲ့ အမူအရာကို သူမကြည့်နေလိုက်သည်။ဟုတ်တယ်၊လုံးဝကိုရှင်းလင်းနေတဲ့ အမူအရာပဲ။
ဒါပေမယ့် ဘာလို့သူက ဝမ်းနည်းနေရတာလဲ။သူက ဘယ်သူ့အတွက်ဝမ်းနည်းနေရတာလဲ။
သူမက သူမသားအား လှောင်သလိုပြုံးလိုက်ရင်း:"ငါမင်းကို အရင်တုန်းက ဖျောင်းဖျဖူးပါတယ်၊နောင်တမရပါစေနဲ့လို့။"
"အမေ"
ရန်ဟန့်ရဲ့အသံက အက်ကွဲနေ၏။ဒါပေမယ့် သူမကိုခေါ်လိုက်ပြီးနောက် သူဘာဆက်ပြောရမလဲမသိတော့ပါပေ။"ငါ့ကို အမေလို့မခေါ်စမ်းနဲ့"
အမေရန်က သူ့ကိုခက်ထန်စူးရှစွာ ကြည့်လိုက်ပြီး:"ငါရှောင်လောင်တစ်ယောက်ထဲကိုပဲ ချွေးမအဖြစ်လက်ခံနိုင်မယ်။မင်းသူ့ကို ပြန်မလိုက်နိုင်ခဲ့ရင် ငါ့ကိုအမေလို့ ဘယ်တော့မှထပ်မခေါ်နဲ့""ကျွန်တော်...." ရန်ဟန်သူ့ပါးစပ်ကိုဖွင့်လိုက်ပေမယ့် ဘာပြောရမလဲမသိသေးပါပေ။
ဒါပေမယ့်လည်း အမေတစ်ယောက်ထပ် သူ့ရဲ့ကလေးတွေကို ပိုပြီး နားလည်နိုင်တဲ့လူမရှိပေ။
"ရှောင်လောင်က သူ့နှလုံးသားထဲကနေမင်းကိုချစ်နေသေးတယ်ဆိုတာ မင်းလည်းကောင်းကောင်းသိတယ်။မင်းသူ့ကို တစ်ကယ်ပဲ ဆုံးရှုံးမခံနိုင်ဘူးဆိုရင်၊တွန့်ဆုတ်မနေတာ ပိုကောင်းမယ်။ဟုတ်တာပေါ့၊မင်းရှောင်လောင့်ကို သူလိုချင်တာမပေးနိုင်ဘူးဆိုရင်တော့ သူ့အနား ကပ်တောင်မကပ်နဲ့။မင်းမရှိလဲ သူ့ဘေးမှာ သူ့ကို ကုစားပေးမယ့် လူတွေအများကြီးရှိတယ်။ပြီးတော့ အမာရွတ်တွေ ကျန်ခဲ့မယ်ဆိုရင်တောင် အနည်းဆုံးတော့ သူတို့တွေက ဒဏ်ရာအသစ်တွေထပ်ပေါင်းပေးသွားကြမှာမဟုတ်ဘူးလေ"