Unicode
Chapter (14.2)
"ရဲ့ချန့်အခုဘာလုပ်နေလဲ" ချင်းလောင်သူ့မေးစိကို ကိုင်လိုက်ရင်း သူ့ဘာသာသူ စဉ်းစားကြည့်လိုက်သည်။"ငါခန့်မှန်းကြည့်မယ်၊အခု အတန်းဖော်ဝမ်က ငါ့ရဲ့ ပုံဆိုးပန်းဆိုးကြီးကို ရိုက်သွားတာဖြစ်ရမယ်။ချန့်ချန့်က စိတ်မကောင်းဖြစ်သွားပေမယ့် ငါအခု လေဆိပ်မှာရှိနေတယ်တွေးလိုက်မိတဲ့ အခါမှာတော့ သူ့ကို ဘာမှမပြောဘဲ တစ်နေရာရာကို သွားတဲ့အတွက် သူထပ်ဒေါသထွက်သွားမယ်။"
System:"..." မင်းကအကုန်ပြောသွားမှတော့ ငါဘာပြောနိုင်မှာတဲ့လဲ။
"ငါခန့်မှန်းမိတာကတော့ ငါသူ့ဆီက ပုန်းကွယ်နေချင်နေတာကြောင့် မြန်မြန်ထွက်သွားခဲ့တာလို့ သူတွေးနေလောက်တယ်။"ချင်းလောက်သက်ပြင်းချလိုက်သည်။
"ငါတို့ နောက်တစ်ကြိမ်ဆုံတာနဲ့ ငါတော့ သေချာပေါက် သနားစရာလေး သေရတော့မယ်။"Systemမှ နှစ်သိမ့်ပေသည်။
"စိတ်ချပါကွာ၊ငါမင်းအတွက် အမွှေးနံ့သာလေးဘာလေး မီးရှို့ပေးပါ့မယ်။""..."မင်းမေလူး။ဒါက နုံချာလိုက်တဲ့ ပလပ်စတစ်လို ရင်းနှီးမှုပဲ။
ချင်းလောင်ခနလောက်တွေးလိုက်သည်။ရှုပ်ထွေးနေတဲ့ သူ့ရဲ့ ခံစားချက်တွေကို ခြုံငုံကြည့်ရလျှင် သူဘယ်လောက်ပဲ တွေးနေပါစေ သူရဲ့ချန့်ကို လက်မလွှတ်နိုင်ပါပေ။နောက်ဆုံးမှာတော့ လေယာဉ်ပေါ်မတက်ခင်မှာပဲ သူရဲ့ချန့်ဆီ မက်ဆေ့ခ်ျတစ်ဆောင် ပို့လိုက်သည်။သူမြို့တော်Aကို ရောက်တဲ့ အချိန်ကျရင်တော့ ဖုန်းနံပါတ်ပြောင်းသင့်ပေသည်။
လောင်: ငါသွားပြီ၊မင်းကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။
ရဲ့ချန့် အံ့ကြိတ်ပြီး သူ့ဖုန်းပေါ်မှ ထိုစာသားအတိုလေးကိုသာစိုက်ကြည့်နေခဲ့သည်။သူ သူ့ဖုန်းကို တစ်စစီဖြစ်အောင် ခြေမွပစ်ဖို့ပင် မစောင့်နိုင်ပါတော့ချေ။
ကောင်းပြီလေ၊အဲ့တော့မင်းကငါ့ကို အရင်မပြောဘဲနဲ့ ထွက်သွားခဲ့ပြီပေါ့။မင်းငါ့ကို ဒီလိုရှောင်သွားတယ်ပေါ့။ငါကမင်းရဲ့ အသွေးအသားကို သုံးဆောင်ပစ်မှာမို့လို့ မင်းက ဒီလောက်တောင် ကြောက်နေရတာလား။မင်းငါတို့ လုပ်ခဲ့တဲ့အရာတွေကို တကယ်နောင်တရနေတာလား။မင်းငါ့ကို ဘယ်တော့မှပြန်မတွေ့ရဖို့ အဆင်သင့်ဖြစ်နေပြီလား။