Chapter (7.2)

2.8K 506 6
                                    

Unicode

Chapter (7.2)

ရဲ့ချန့်ရဲ့ ဘောပင်ကိုင်ထားတဲ့လက်တွေ ရပ်သွားသည်။သူက ကောင်လေးရဲ့ ကြယ်ပွင့်တွေလို မျက်လုံးတွေကို ကြည့်လိုက်ပြီး အနည်းငယ်ခုန်နေတဲ့ သူ့နှလုံးသားကို ထိန်းချုပ်လိုက်ကာ ငြင်ငြင်သာသာပြော၏။
"ဘာဖြစ်လို့လဲ"

"စနေနေ့က ငါ့မွေးနေ့လေ!" ကောင်လေးက တော်တော်လေး စိတ်လှုပ်ရှားနေ၏။သူက ခပ်မတ်မတ်ထိုင်‌နေပြီး သူ့(ချင်း‌လောင်)လက်တွေကတော့ သူ့(ရဲ့ချန့်)လက်မောင်းကို ဆုပ်ကိုင်ထားကာ အပြာရောင် ကျောင်းယူနီဖောင်းကို တွန့်ကြေသွားစေသည်။
"ပါတီကို လာခဲ့!"

"အိုး" ရဲ့ချန့်က ချင်းလောင်သူ့လက်မောင်း‌ကို ဆုပ်ကိုင်ထားတဲ့နေရာကိုသာ ခနလောက် အကြည့်မြဲနေခဲ့ပြီး ဆွဲ‌တော့မဖယ်ခဲ့ပါပေ။

ရလဒ်အနေနဲ့ ကောင်လေးက လွှတ်လိုက်ပြီး သူ့ပုခုံးကို နှစ်ချက်လောက်ပုတ်လိုက်၏။ထို့နောက် တောက်ပတဲ့ အပြုံးလေးဖြင့် ကျင်းပမယ့်နေရာကို ပြောလိုက်သည်။တကယ်တော့ ဘယ်နေရာလဲဆိုတာကို ရဲ့ချန့်ရှင်းရှင်းလင်းလင်းမကြားခဲ့ပါပေ။ကံကောင်းစွာနဲ့ သူက အတန်းထဲမှာရှိနေတဲ့ လူအကုန်လုံးအား ဖိတ်စာပို့ပေးမယ်လို့ ပြောတဲ့အတွက် သူ့ကို နောက်တစ်ခါထပ်မေးစရာမလိုတော့ပေ။

ချင်းလောင်က ဒီနေ့မနက်ပဲ ထိုအကြောင်းကို ပြောခဲ့ပြီး နေ့လည်ရောက်တာနဲ့ အလွန်လက်ရာမြောက်လှတဲ့ ဖိတ်စာကို ကျောင်းသား‌တွေအား ပေးခဲ့သည်။

ရဲ့ချန့်က ဖိတ်စာကို သေချာလေးကြည့်လိုက်သည်။ကြေးညို‌ရောင်ပုံစံနှင့် အလွန်ဂန္တဝင်ဆန်ပြီး အဆင့်အတန်းမြင့်လှ၏။နိုဝင်ဘာ ဆယ့်ခြောက်၊ရဲ့ချန့်က အဲ့နေ့ကို တိတ်တိတ်လေးမှတ်ထားလိုက်သည်။

ချင်းလောင်သည် ရဲ့ချန့်က ဖိတ်စာကို သူ့လွယ်အိတ်ထဲကို ထည့်လိုက်သည်ကို မြင်လိုက်၏။ထို့နောက်သူက အဝေးကို ပေါ့ပေါ့ပါးပါးကြည့်လိုက်ပြီး မေးခွန်းတစ်စုံကိုပဲ ထုတ်ဖြေလိုက်သည်။

System:"သူ စနေနေ့ညမလာမယ်မှန်းကို သိရဲ့သားနဲ့ မင်းဘာလို့ မျှော်လင့်နေသေးတာလဲ"

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now