Unicode
Chapter (32.2)
ချင်းလောင် တောင့်တင်းသွားရသည်။ခြံဝန်းတံခါးမှ ထွက်လာပြီးနောက်မှာတော့ သူ အနည်းငယ်ရုန်းလိုက်၏။ရန်ဟန်က သဘောပေါက်သွားသွားချင်းပဲ သူ့အား လွှတ်ပေးလိုက်ပေသည်။သဘာဝကျစွာပဲ သူ့ရဲ့အပြုအမူတွေ၌ အပြစ်အနာအဆာမရှိခဲ့ပါပေ။
နှစ်ယောက်သား တိတ်ဆိတ်စွာပဲ လမ်းလျှောက်နေခဲ့သည်။သူတို့ ဘယ်ကိုသွားပြီး ဘာကိုလုပ်ရမယ်မှန်းလည်း မသိပါချေ။သူတို့တွေတိတ်ဆိတ်နေလိုက်တာ ကင်မရာမန်းကမတတ်သာတော့ဘဲ reality show ဖြစ်တဲ့အတွက် အပေးယူမျှမျှတတလေး ဆက်ဆံဖို့လိုအပ်ကြောင်း လာသတိပေးရတော့တဲ့ အထိပင်။အဲ့လိုမှမဟုတ်ရင် ဒီအခန်းကို ပရိသတ်တွေက အရမ်းပျင်းစရာကောင်းလိုက်တာ လို့မြင်သွားကြတော့မည်။
ဒါကိုကြားလိုက်ရတော့ ချင်းလောင်လည်း ရပ်လိုက်ပြီး ရန်ဟန့်အား စကားလှမ်းပြောလိုက်သည်။
"လမ်းအကြာကြီးလျှောက်ပြီးမှပဲ ငါတို့မစဉ်းစားရသေးတဲ့ ပြဿနာကြီးရှိနေတယ်လို့ ငါတွေးမိတယ်"ရန်ဟန်က သူ့ကိုကြည့်လာပြီး သူဆက်ပြောမှာကိုစောင့်နေ၏။
"ငါတို့၊ကြည့်ရတာ ငါတို့ လမ်းမသိဘူးထင်တယ်....အဲ့တော့၊ငါတို့ ဆန်သွားယူရမယ့် အန်တီ ဝမ်ရဲ့ အိမ်ကဘယ်မှာလဲ"
ချင်းလောင်ဘေးပတ်လည်ကို ကြည့်လိုက်ရင်း စိတ်ဓာတ်ကျနေပုံပေါ်ပေသည်။
"ရွာသားတစ်ယောက်မှလည်း မမြင်သေးဘူး"ရန်ဟန်က စကားမပြောခင် အရင်တွေးလိုက်ရင်း :"ငါတို့လာခဲ့တဲ့ လမ်းကိုမှတ်မိလား။ရွာဘေးနားမှ မြစ်သေးသေးလေးတစ်စင်းရှိတယ်လေ။ငါတို့ အဲ့မှာ ငါးရှိနိုင်မလား သွားကြည့်ကြရအောင်"
ချင်းလောင် စကားပြောနေရင်း နောက်သို့ပြန်လှည့်ကာ လမ်းလျှောက်သွား၏။"ငါကအမြဲတမ်းကံဆိုးနေတာ အဲ့မှာ ငါးမရှိလောက်ဘူးလို့ ငါထင်တယ်"
ရန်ဟန်က ပြုံးလိုက်ရင်း"ကိုယ်ကအမြဲတမ်း ကံကောင်းခဲ့တာ။ကိုယ် တစ်ချက်လောက်သွားကြည့်လိုက်မယ်။မင်းကဘေးနားမှာရပ်နေလို့ရတယ်"
"ဒါက မြေအောက်ရဲတိုက်ထဲ လျှောက်ကစားပြီး bossရဲ့ ခန္ဓာကိုယ်ကို သွားထိရုံလောက်မျိုးမှမဟုတ်တာ။အဲ့လိုနာမည်ကြီးနေတဲ့လူတွေရဲ့လက်က လက်တွေ့မှာ အလုပ်မဖြစ်နိုင်ပါဘူးနော်..."