Unicode
Chapter (7.1)
ပုံမှန် အားဖြင့်ပင် မနက်ခင်းပိုင်းအချိန်က သိပ်အရေးမကြီးချေ။ဖတ်စာအုပ်အသစ်တွေကို ထုတ်ပေးပြီးတဲ့နောက်မှာတော့ အတန်းပိုင်ဆရာက ဒီနှစ်စာသင်နှစ်အတွက် ချမှတ်ထားတဲ့ အစီအစဉ်တွေနဲ့ အခြားအရာများကို ပြောကြားခဲ့သည်။ထို့နောက်တော့ နေ့လည်ပင်ရောက်သွား၏။
ချင်းလောင် ဝိတ်မချခင်က နေ့လည်ခင်းရောက်တာနဲ့ သူ့မိသားစုက သူ့ကို လာခေါ်၍ အထူးပြုလုပ်ထားတဲ့ အာဟာရပြည့်ဝတဲ့ အစားအစာကို စားရန် ချင်းမိသားစုပိုင် စားသောက်ဆိုင် ကိုသွားလေ့ရှိသည်။
အခုသူ ဝိတ်ကျသွားပြီး systemကပေးတဲ့ မှောင်ခိုနည်းကို သုံးထားတာလည်း ပါတဲ့အတွက် သူပြဿနာဖြစ်လာမှာကို စိတ်ပူစရာမလိုပါပေ။ဒီ့အပြင် သူရဲ့ချန့်၏ နှစ်သက်မှုကိုလည်း ရှင်းလင်းရအုံးမည် ဖြစ်တဲ့အတွက် သူ သူ့မိသားစုက လာခေါ်တာကိုရော အပြင်ထွက် စားဖို့ကိုရော လုပ်ဖို့ ဆန္ဒမရှိပါပေ။အဲ့ဒီအစား သူသွားလေ့သွားထမရှိတဲ့ Cafeteriaကို သာသွားမည်ဖြစ်၏။
.
.
.
ကျင်းချန်ကျောင်းတွင် ချမ်းသာတဲ့ ကလေးတွေအများကြီးရှိသည်။ cafeteriaမှာ ရှိနေတဲ့ ပန်းကန်တွေကတောင် ပုံမှန် အထက်တန်းကျောင်းကဟာတွေနဲ့ မတူပေ။ဟုတ်တာပေါ့ ဈေးနှုန်းကလည်း ပြိုင်ဘက်ကင်းပေသည်။ဆင်းရဲတဲ့ လူနည်းစုလည်း ကျောင်းတွင်ရှိသည်။ကျင်းချန်ကျောင်းက ရဲ့ချန့်လိုမျိုး ဆင်းရဲပေမယ့် အဆင့်ကောင်းတဲ့ကျောင်းသားတွေကိုတော့ ကောင်းစွာ ဆက်ဆံပေသည်။သူက ကျူရှင်ခကင်းလွတ်ခွင့်ရတဲ့ အပြင် နှစ်စဉ်နှစ်တိုင်းလဲ ပညာသင်ဆုနှင့် ဆုငွေထောက်ပံ့မှု ရလေသည်။မဟုတ်ရင် သူ့ရဲ့ ဒီလို မိသားစုနောက်ခံလောက်နှင့်ဆို ကျောင်းပြောင်းရတာ ကြာပြီဖြစ်၏။
ရဲ့ချန့်က သူ့ရဲ့နေ့လည်စာကို ကိုင်ထားရင်း ဘေးပတ်လည်ကို ကြည့်လိုက်ကာ ထိုင်ဖို့ တိတ်ဆိတ်တဲ့ နေရာ တစ်နေရာကို မြန်မြန်လေးရှာလိုက်၏။သူက စားဖို့ ဟင်းသီးဟင်းရွက် အချို့ကို တူနဲ့ယူလိုက်တဲ့ အချိန်မှာပဲ သူ့ပန်းကန်က ဆွဲယူခံလိုက်ရသည်။