Chapter (24.2)

1.9K 397 16
                                    

Unicode

Chapter (24.2)

ချင်းလောင် ရယ်လိုက်၏။ "ဒါပဲလေ။မူလဇာတ်လမ်းထဲမှာက ရန်ဟန်အစားထိုးခံလေးကို ရှာတွေ့လိုက်တဲ့ အချိန် သူချက်ချင်းကို အိမ်ထဲဆွဲသွင်းပြီး နောက်ဆုံး သူနဲ့ ရည်ရှည်ဆက်ဆံရေးရှိလာတဲ့ အချိန်အထိ သူနဲ့အတူ နှစ်ပါးသွားခဲ့တာပဲ မဟုတ်ဘူးလား။သူလည်း ပုံမှန် ယောက်ျားတစ်ယောက်ပါပဲ။သူငါ့ကို ချစ်ချင်စိတ်မရှိဘူးဆိုရင်တော့ ဒီလောက် ခက်ခက်ခဲခဲကြီး ထိန်းချုပ်ထားစရာမလိုပါဘူး။
ဒီလိုကြည့်မယ်ဆိုရင်လည်း ရန်ဟန်က ငါ့ကိုမချစ်ပေမယ့် သူငါ့ကို respect ထားနေသေးတဲ့အတွက် ဒီလို ညစ်ပတ်တဲ့ ကိစ္စမျိုးမလုပ်ချင်ဘူး ဆိုတာပဲ။ဒါပေမယ့် အစားထိုးခံအတွက်ကျတော့... သူက အစားထိုးသက်သက်ပဲလေ အဲ့တော့ ညစ်ပတ်တဲ့ ကိစ္စတွေကို သူစိတ်တိုင်းကျလုပ်လို့ရတာပေါ့"

Systemကတော့ မဲ့လိုက်ရင်း
"ဟဟ၊ ညစ်ပတ်တယ်တဲ့လား?!မနက်ဖြန်ညမှာ ကောင်းကောင်းကြီး ကြုံရတော့မယ့် မင်းရဲ့ ညစ်ပတ်တဲ့ကိစ္စလေးတွေအတွက် ကြိုပြီး ဂုဏ်ပြုပါတယ်နော်"

ချင်းလောင်လဲ ပျော်ပျော်ကြီးပဲ လက်ခံလိုက်ပြီး စိတ်ဖိစီးမှု မရှိပဲ အိပ်မောကျသွားရှာတော့သည်။

နောက်တစ်နေ့မှာလည်း ချင်းလောင် ဖုန်းမြည်သံကြောင့် နိုးလာရပြန်သည်။ခေါ်နေတဲ့လူကတော့ သူ့ရဲ့ ကောင်းလှစွာသော လက်ထောက်ကြီးတစ်ဖြစ်လဲ ကောင်းလှစွာသော ယောက္ခမကြီးပင်။

သူမြန်မြန်လေးပဲ အိပ်ယာကနိုးခါစ ကွဲအက်နေသောအသံဖြင့် ပြန်ဖြေလိုက်၏။
"‌အမေ..."

"ရှောင်လောင်၊ သားအခုထိအိပ်နေတုန်းပဲလား။အမေရန်ဟန့်ကို ရက်အနည်းငယ်လောက် အိမ်မှာနေခိုင်းလိုက်မယ် သိလား။သဘက်ခါရောက်ရင်တော့ အမေမင်းကိုတွေ့ဖို့ လာအုံးမယ်"

တစ်ဖက်လူရဲ့စကားတွေကို ကြားရတာက ချင်းလောင်အတွက်တော့ အိပ်ယာကို လာရောက်စစ်ဆေးတဲ့ ဆရာအား သတိရသွားစေမိသည်။

"အမေ၊အမေ လာစရာမလို...." ချင်းလောင် ဆို့နင့်သွား၏။
သူရန်ဟန်နဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ထားတာကိုသာသိရင် ဖုန်းတစ်ဖက်မှ အမျိုးသမီး အရမ်းကို စိတ်ထိခိုက်သွားပေလိမ့်မည်ဟု တွေးမိ‌ပေသည်။
"အမေ၊ကျေးဇူးပါ"

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now