Unicode
Chapter (31.2)
မကြာမီမှာတော့ ချင်းလောင်ပါဝင်ထားတဲ့ reality show က Channel Zမှထုတ်လွှင့်ပြသလာပြီဖြစ်၏။ချင်းလောင်က အပိုင်းသေးသေးလေးလောက်ပဲ ပါဝင်ထားပေးမယ့်လည်း သူ့ရဲ့ပထမဆုံးအကြိမ်အဖြစ်showမှာပါဝင်ထားတယ်ဆိုပြီး တွေးထားတာနဲ့အညီ သူလဲ fanတွေလိုပဲ ဒီshow ကို စောင့်မျှော်နေခဲ့တာဖြစ်သည်။သူTVရှေ့ထိုင့်စောင့်နေ၏_သူ့မှာတခြားလဲ ဘာမှလုပ်စရာမှမရှိတာ။
ချင်းလောင်က ပရိုဂရမ်ရဲ့အစပိုင်းမှာ ပေါ်မလာသေးပေ။ချင်းလောင်ပါဝင်ထားတဲ့အပိုင်းလေးက နောက်ဆုံး၌သာ ထုတ်လွှင့်ခဲ့သည်။အံ့ဩစရာတော့မရှိပါပေ။
Show ကို ပရိုမိုးရှင်းလုပ်တဲ့အချိန်မှာကျ သူတို့က ချင်းလောင်ရဲ့ထိခိုက်မှုအား လူအများစိတ်ဝင်စားစေရန်အသုံးချခဲ့သည်။သေချာတာပေါ့ ဒီကိစ္စမှာ ချင်းလောင်က နာမည်ကျော်တဲ့လူမဟုတ်တဲ့အတွက် ခွင့်ပြုလိုက်ရခြင်း။ဒါက လူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနိုင်ပြီး ကရုဏာလှိုင်းလုံးတွေ ရရှိနိုင်မယ့် အခွင့်အရေးဖြစ်တဲ့အတွက် ငြင်းဆန်လိုက်ဖို့ရာမှာ ယုတ္တိမတန်ပါပေ။_ဒါကတော့ ပုံမှန်လူတွေရဲ့ ထင်မြင်ချက်သာဖြစ်သည်။အမှန်တော့ ချင်းလောင်ကဒါတွေကို လုံးဝဂရုမစိုက်ပါပေ။
ချင်းလောင်ရဲ့နောက်ခံနဲ့သာဆိုရင် ကျော်ကြားဖို့နဲ့ မကျော်ကြားဖို့ဆိုတာက စာလုံးလေးတွေသက်သက်မျှသာ။
မူလပိုင်ရှင် အမှောင်ဖုံးသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ငယ်ချစ်လေးကျင်းယွီနဲ့ သူပိုင်ဆိုင်တဲ့ ငွေကြေးအရင်းအမြစ်တွေကြောင့် ချင်းလောင်က လျင်လျင်မြန်မြန်ကြီးကို ကျော်ကြားလာခဲ့သည်။သူကျော်ကြားလာရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အစားထိုးလေးကို ဖိနှိပ်ထားဖို့ရန်ပင်။ထိုအချိန်အတောအတွင်းမှာ သူက ကျင်းယွီကို ထပ်ခါ ထပ်ခါအသုံးချခဲ့သည်။အကြိမ်ပေါင်းများစွာပဲ အစားထိုးလေးကို သူအပြင်ထွက်လိုက်တာနဲ့ ကြက်ဥပုပ်တွေနဲ့ ပစ်ပေါက်ခံရတဲ့အဆုံးသတ်ရောက်အောင် တွန်းပို့ခဲ့ပေသည်။
ဒါပေမယ့်ကံမကောင်းစွာပဲ နောက်တော့ရန်ဟန်က သူ့ကိုကွင်းလုံးကျွတ်အပြစ်ကင်းစင်အောင်လုပ်ပေးခဲ့ပြီး မူလပိုင်ရှင်ရဲ့ သူ့အပေါ်လုပ်ခဲ့တာတွေကို လူထုရှေ့ချပြခဲ့သည်။သူက လုံးလုံးလျားလျားအောင်မြင်စွာပဲ မူလပိုင်ရှင်အား ရိုက်ချနိုင်ခဲ့၏။အဲ့ဒါတွေတင်မဟုတ်၊နောက်ဆက်တွဲလိုက်လာတဲ့ဇာတ်လမ်းကတော့
မူလပိုင်ရှင်က အစားထိုးလေးအား အနိုင်ကျင့်နေချိန်မှာ ချင်းဖန်းကတော့ အစားထိုးလေးကို တကယ်ကြိုက်နေခြင်းဖြစ်ပင်။
နောက်ပိုင်းမှာသူက ထိုလူ့အတွက်ရန်ဟန်နဲ့တောင် အတိုက်အခံလုပ်ခဲ့၏။