Unicode
Chapter (21.2)
ရဲ့ချန့်က ချင်းလောင်အား ရေချိုးခန်းထဲသို သူ့လက်မောင်းတွေနဲ့ပွေ့ပြီး ခေါ်သွားလိုက်သည်။သူဆေးကြောနေတဲ့ အချိန်မှာတော့ ချင်းလောင်က ရဲ့ချန့်ပေါ်မှီလိုက်ရင်း ရဲ့ချန့်လက်ပေါ်မှာရှိနေတဲ့ အလွန်ကို မှိန်နေပြီဖြစ်တဲ့ အမာရွတ်အား ထိလိုက်သည်။
"ချန့်ချန့်၊မင်းဒီအမာရွတ်ကို ဘယ်ကရတာလဲ"ရဲ့ချန့်က အမာရွတ်ကို ကြည့်လိုက်ပြီး သူ့မျက်ခုံးတွေကို မြှင့်လိုက်ပြီး သူ့အား ကြည့်လာသည်။
"မင်း မမှတ်မိဘူးလား။မင်းလုပ်ခဲ့တာလေ""အယ်?" ချင်းလောင် လုံးဝကို မှတ်မိချင်းမရှိပါပေ။
"အထက်တန်းဒုတိယနှစ်စတော့ မင်းငါ့ကို ခြေထိုးခံလိုက်တာလေ။ပြီးတော့ကိုယ် လှေကားစောင်းပေါ်ကျသွားတာ။ဒဏ်ရာက သိပ်မနက်ပါဘူး။ဒါပေမယ့် အမာရွတ်ကတော့ အမြဲကျန်နေခဲ့တာပဲ။"
ရဲ့ချန့် အဲ့ဒီ့အချိန်တုန်းက ချင်းလောင်၏ မျက်နှာအား တွေးမိသည်။သူက သူ့ရဲ့သွားဖြူဖြူနှစ်တန်းအားပြလိုက်ကာ ချင်းလောင်အား ကိုက်လိုက်သည်။
"ကံကောင်းချင်တော့၊ကိုယ်အခု အကြွေးပြန်ရနေပြီလေ"ချင်းလောင် နာကျင်မှုများနှင့်ပင် မြန်မြန်လေးစကားလမ်းကြောင်းလွှဲရတော့သည်။
"အဟားဟားး...ဟုတ်ပါပြီ၊ငါထင်တာက ငါ့အိပ်မက်က တစ်ကယ်ရှေ့ဖြစ်ကြိုပြောနိုင်တာပဲ။ငါ ဟန်ဟန်ရဲ့ အလှောင်ခံရတယ်၊လှေကားပေါ်ကပြုတ်ကျတယ်၊ပြီးတော့ ငါတို့ မိသားစု ဒေဝါလီ မခံရခင်ကရော၊တစ်ကယ်ကြီး အမှန်ဖြစ်လာတာပဲ။"ရဲ့ချန့် ခဏလောက်လေး တစ်စိမ့်စိမ့်တွေးဆလိုက်ပြီး:
"အဲ့ဒါဆို၊ မင်း ဂါဝန်လေးဝတ်ပြီး ဂျုံခင်းထဲမှာ ကိုယ့်ကို လက်ထပ်မှာလား။""ဝှက်သယ်ဟဲ?" ထိုလူရဲ့ အကြမ်းခံနိုင်ပြီး ခန့်ညားလှတဲ့ မျက်နှာကိုကြည့်ရင်း ချင်းလောင်ကသူ့အား 'မင်းဘာတွေပြောနေလဲ ငါနားမလည်ဘူး'ဆိုတဲ့ အကြည့်ပေးလိုက်သည်။
ရဲ့ချန့်က ပြုံးလိုက်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မှတ်ဉာဏ်အား ပြန်လည်တူးထုတ်လာသည်။
"မင်း မှတ်မိသေးလား၊ကိုယ်တို့ အထက်တန်းတတိယနှစ်တုန်းကလေ မင်းအိပ်မက်မက်ခဲ့တယ်လို့ပြောတယ်လေ။အဲ့အိပ်မက်ထဲမှာ မင်းက ဂါဝန်လေးဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သွားပြီး ဂျုံခင်းထဲမှာ ကိုယ်နဲ့ချစ်ကျွမ်းဝင်သွားကြတယ်။ပြီးတော့ နောက်ဆုံး ကိုယ်တို့ ဂျုံခင်းထဲမှာ မင်္ငလာဆောင်လိုက်ကြတယ်လို့လေ"