Chapter(19.2)

2.4K 442 11
                                    

Unicode

Chapter (19.2)

ချင်းလောင် မထိတထိပြုံးရင်း ရုတ်တရက် အနားသို့ကပ်သွားလိုက်သည်။မက်မွန်ပွင့်ပုံမျက်ဝန်းတစ်စုံက ပေကလပ်ပေကလပ်ဖြင့် တစ်ဖြတ်ဖြတ်တောက်ပနေပြီး အလွန်ကို အသည်းယားစရာကောင်းလှသည်။
"ချန့်ချန့်၊ငါ့ကို ဘယ်လိုနမ်းရမလဲသင်ပေး၊မင်းနမ်းလိုက်တိုင်း အရမ်းအံဩဖို့ကောင်းတာပဲ၊မင်းဘယ်က သင်လာဝာာလဲ။မင်းနမ်းတာကို ခံလိုက်ရတိုင်း အောက်စီဂျင်ပြတ်သွားတဲ့ ခံစားချက်မျိုးရ...အမ်း..."

နောက်ဆုံးတော့ သူ့ကိုလှောင်နေတဲ့ ကောင်လေးရဲ့ပါးစပ်ပိတ်သွားရှာပြီ။

ချင်းလောင်သူ့မျက်လုံးတွေကို မှိတ်လိုက်ရင်း ရဲ့ချန့်၏ လည်ပင်းအား တွယ်ချိတ်လိုက်သည်။ရဲ့ချန့်နောက်ဆုံးတော့ ဦးဆောင်မှုကို ပြန်လည်ရရှိသွားပြီဖြစ်သည်။ရှက်ရွံ့ခြင်းကင်းစွာဖြင့် သူချစ်ရသောလူအား လွတ်လွတ်လပ်လပ် နမ်းရှိုက်လို့ရပြီဖြစ်၏။ဒီခံစားချက်က ရင်သပ်ရှုမောဖွယ်ပင်။

_________
နေ့ခင်းဘက်မှာတော့ နှစ်ယောက်သား အတူတူတစ်ရေးလောက်ထပ်အိပ်ကြသည်။ညနေငါးနာရီထိုး‌မှာတော့ ရဲ့ချန့် ချင်းလောင်နောက်လိုက်၍ ကျောင်းဂိတ်ဝဆီ သွားခဲ့သည်။

"မင်း ကိုယ့်ကို မင်းအိမ်ကို ခေါ်သွားချင်တာ သေချာရဲ့လား"
ရဲ့ချန့်ဒီနေ့ အိပ်မက်မက်နေသလိုခံစားနေရ၏။ချင်းလောင်က သူနဲ့ အတူရှိနေပေးမယ်လို့ ကတိပေးရုံတင်မက အတန်းဖော်တစ်ယောက်အဖြစ်မဟုတ်ဘဲ ချစ်သူကောင်လေးအဖြစ် သူ့အမေနဲ့ တွေ့ပေးဖို့ သူ့ကိုခေါ်သွားချင်နေ၏။

"ငါသေချာတယ်" ချင်းလောင်သူ့ကို စိတ်မရှည်စွာကြည့်လာရင်း
"ကောကောရေ၊ငါပြောနေတာ လေးကြိမ်ရှိနေပြီ။မင်းငါ့ကို နောင်တစ်ကြိမ်ထပ်မေးရင် ငါမင်းကို ရိုက်မှာနော်။"

ဒီ'ကောကော'ဆိုတဲ့ ခေါ်သံက ရဲ့ချန့်ကို လမ်းမလျှောက်နိုင်အောင်ပင် ဖြစ်သွားစေသည်။

ချင်းလောင် သူ့ဖုန်းအား ထုတ်လိုက်ရင်း ရဲ့ချန့်ရှေ့မှာပဲ သူ့ရဲ့ အမေလှလှလေးဆီ ဖုန်းခေါ်လိုက်သည်။
"‌အမေ့၊ကျွန်တော် ခနနေရင် သူငယ်ချင်း‌တစ်ယောက်ခေါ်လာခဲ့မယ်နော်...အမ်း၊သူဘာစားရတာကြိုက်လဲ...သူအသားစားရတာကြိုက်တယ်။အိုကေ၊ခဏနေရောက်မယ်နော်....ဖုန်းချပြီနော်။"

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now