Unicode
Chapter (5.1)
ချန်းကျိယွီက အားကစားဝတ်စုံ အဖြူရောင်လေးကို ဝတ်ထားပြီး အညိုရင့်ရောင် ဆံနွယ်တွေကို ခေါင်းပတ်အဖြူနဲ့ ပတ်ထား၏။ လက်ပတ်အဖြူ၊ ဖိနပ်အဖြူနှင့် နောက်ဆုံး သူ့ဖိနပ်ကြိုးတောင် အဖြူရောင်ပင်ဖြစ်၏။သူက clubရှေ့မှာ မတ်တပ်ရပ်နေပြီး ထို့လူ့တစ်ကိုယ်လုံးက အဖြူရောင် တောက်ပနေလေ၏။
ချင်းလောင်၏ ပါးစပ်ထောင့်တွေတွန့်သွားသည်။သူကျောင်းသွားတဲ့ အချိန် ဒီလိုမျိုး ဝတ်စားပြီး မသွားရဲပါပေ။ အကယ်၍ တစ်ယောက်ယောက်များသူ့ကို ပြန်ပေးဆွဲချင်ရင် သူရှိနေတာကို မီးမောင်းထိုးပြထားသလိုဖြစ်နေပြီး ရှာစရာတောင်လိုမှာမဟုတ်။
ချင်းလောင် ကားထဲက ထွက်လာတာကို မြင်လိုက်ရတဲ့ အခါမှာတော့ တစ်ကိုယ်လုံး အဖြူရောင် ချည်းဝတ်ထားတဲ့ ချန်းကျိယွီက သူ့ရဲ့ သွားဖြူဖြူလေးတွေကို ထုတ်ပြလာ၏။
အား,စူးရှတောက်ပနေတာပဲဟ!ချင်းလောင်က အဖြူရောင် အလင်းတန်းတွေကြောင့် မျက်လုံးပင် ကန်းမတတ်ဖြစ်သွားရတော့သည်။
ချင်းလောင်က အကိုယွီဟုခေါ်လိုက်၏။ ထိုလူက သူ့မေးကိုထိလိုက်ပြီး ချင်းလောင်ကို အထက်အောက် စုန်ဆန်ကြည့်လာ၏။
"အခုတလော မင်း ဝိတ်တွေအများကြီးကျသွားတာပဲ။ကြည့်ရတာ မင်းနေ့တိုင်း လေ့ကျင့်တာကို လုပ်ပုံရတယ်"ချင်းလောင်က သူ့မျက်ခုံးတွေကို မြှင့်လိုက်၏။ယို့!ကြည့်ရတာတော့ ဒီကောင်လေးငါ့ကို စိတ်ဝင်စားနေပါလားဟေ့။ဘာလို့ပါလိမ့်၊မင်းထက်ပိုပြီး ဆွဲဆောင်မှုရှိသွားမှာကြောက်နေတာများလားကွာ။
ချင်းလောင်က ဘာမှမပြောဘဲ ပြုံးသာပြုံးလိုက်ပြီး ချန်းကျိယွီနောက်လိုက်ကာ ခန်းမထဲသို့သာ ဝင်လိုက်တော့သည်။
ဓာတ်လှေကားက သူ့နှင့်ဘေးမှာရှိနေတဲ့ ပြီးပြည့်စုံနေတဲ့ မင်းသားလေးကို သယ်ဆောင်ကာ ဖြည်းဖြည်းချင်းတက်နေ၏။မြင့်မြတ်တဲ့တော်ဝင်မင်းသားလေးချန်းကတော့ သူ့ ဂိမ်းကုမ္ပဏီကထုတ်တဲ့ အကျော်ကြားဆုံး အွန်လိုင်းဂိမ်းတွေကို သူ့ရဲ့ ငြင်သာတဲ့ အသံလေးနဲ့ မိတ်ဆက်ပေးနေ၏။