Chapter (3.2)

2.8K 502 0
                                    

Unicode

Chapter (3.2)

ရဲ့ချန့်သည် ချင်းလောင်လက်စွပ်အား ဆွဲထုတ်လာတာကို ကြည့်နေခဲ့သည်။အဲ့ဒါက လုံးဝကို သူ့ခုံစောင်းထဲမှဖြစ်ပေသည်။သူက ခဏလောက်အံ့ဩသွားပြီးနောက် သူ့အမူအရာက ပြောင်းလဲသွားကာ ချင်းလောင်ကို ခက်ထန်စွာ စိုက်ကြည့်လာ၏။

[ဒင်! ရဲ့ချန့်- နှစ်သက်မှု (-15)၊ လက်ရှိနှစ်သက်မှု (-80)]

ချင်းလောင်က ရဲ့ချန့်ကို နားမလည်စွာကြည့်လိုက်မိသည်။ရဲ့ချန့်အား ရုံးခန်းထဲသို့ ခေါ်သွားတဲ့ အထိကို ငေးကြောင်ကြောင် ကြည့်နေမိသည်။

အတန်းတွေက ပြီးသွားပေမယ့် ကျောင်းသားတွေကတော့ ရဲ့ချန့် ဆရာမပိုင်ရဲ့ လက်စွပ်ကိုခိုးတဲ့အပေါ်  အတင်းအဖျင်းဆက်ပြောနေကြမြဲဖြစ်သည်။ရဲ့ချန့်က အဲ့လိုလူမျိုးလား ဒါမှမဟုတ် ‌တစ်ယောက်ယောက်ကများသူ့ကို ချောက်ချတာပဲလား။
......

ချင်းလောင်က စိတ်မရှည်စွာ စောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ ရဲ့ချန့်က စာသင်ခန်းထဲကို နီရဲနေတဲ့မျက်လုံးတွေနဲ့ အလျင်စလို ပြန်ဝင်လာခဲ့လေသည်။ပြီးတော့ ဘာမှမပြောဘဲ ချင်းလောင်ရဲ့မျက်နှာကို ထိုးချလိုက်ပြီးတော့ ‌မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

ကံကောင်းစွာပဲ ချင်းလောင်က systemကို 'နာကျင်မှုအကာအကွယ်'ကို ကြိုတင်ဖွင့်ထားစေခဲ့တယ်။တစ်နည်းအားဖြင့်တော့ သူနာကျင်မှုကို ခံစားရမည်မဟုတ်ပေ။

"Damn!ရဲ့ချန့် မင်းရူးနေတာလားကွ!" ဝမ်ဟောက်က သူ့အင်္ကျီလက်ကို မတင်လိုက်ပြီး ထလာဖို့ ပြင်လိုက်၏။

"ချင်းလောင်က သူ့ကို တားလိုက်ပြီး မြေပြင်ပေါ်မှ ထရပ်လိုက်လိုက်သည်။ သူ့မျက်လုံးထဲမှာတော့ မီးစတစ်စရှိနေပြီး:
"ရဲ့ချန့် မင်းဒါဘာကို ဆိုလိုတာလဲ"

"Heh," ရဲ့ချန့်ထိုးလိုက်တဲ့ အချိန်မှာ သူ့အားကို မထိန်းချုပ်ထားတဲ့အတွက် သူ့ရဲ့ အနက်ရောင် ဆံနွယ်တွေက အနည်းငယ် ရှုပ်ပွသွားတော့သည်။ပုံမှန်အားဖြင့် ရှည်လျားနေတဲ့ဆံပင်တွေနဲ့ ဖုံးအုပ်နေတဲ့ သူ့မျက်လုံးတွေပေါ်လာခဲ့ပြီး
ချင်းလောင်ကိုစူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။"ငါဘာကိုဆိုလိုတာလဲ၊ ငါဘာကို ဆိုလိုတာလဲဟုတ်လား။"

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now