Unicode
Chapter (6.2)
ချင်းလောင်က wet wipesတစ်ထုတ်ကို သူ့ဘောင်းဘီရှည် အိတ်ကပ်ထဲကနေထုတ်လိုက်သည်။ဝမ်ဟောက်တို့နှစ်ယောက်ရဲ့ မျက်လုံးတွေက လှုပ်ရှားလာပြီး အထုပ်ထဲမှ တစ်ချို့ကို မြန်မြန်ပင် ဆွဲယူလိုက်၏။ချင်းလောင်က အစနှစ်စကို ဆွဲထုတ်လိုက်ပြီး နောက်ကို ပြန်လှည့်မကြည့်ဘဲ သူ့ရဲ့ လက်တွေက ပုခုံးကို ကျော်လိုက်ကာ နောက်ကို လှမ်းပေးလိုက်သည်။
အစနှစ်စကိုသာ ဆွဲထုတ်ထားတဲ့ အစိမ်းရောင် အထုပ်လေးကအေးမြနေပုံပေါ်၏။ရဲ့ချန့်က ချင်းလောင်ကိုင်ထားတာကို အချိန်ခဏမျှ ကြည့်လိုက်သည်။ဒီလူက ထပ်ပြီး စိတ်မရှည်ပြန်ဘူးပဲ။wet wipeကို ကိုင်ထားတဲ့လက်ကလေးက နောက်ကလူကို မြန်မြန်လုပ်ဖို့ တိုက်တွန်းနေသလိုမျိုး လွှဲရမ်းနေခဲ့သည်။
ရဲ့ချန့်က လှမ်းယူဖို့ သူ့ရဲ့လက်တွေကို ဆန့်ထုတ်လိုက်၏။သူ့ရှေ့မှာရှိနေတဲ့လူရဲ့ အပြာရောင်ကျောင်းယူနီဖောင်းအောက်က အဖြူရောင် လည်ပင်းကို ငေးကြည့်နေရင်း အနည်းငယ် အသက်ရှုမှားသွားရသည်။
လွန်ခဲ့တဲ့ စာသင်နှစ်တုန်းကလည်း ငါမင်းအနောက်မှာ ရပ်ခဲ့ရတာပဲ ဒါပေမယ့်မင်းက ငါ့ကို မညှာမတာ တွန်းထုတ်ခဲ့ပြီး နောက်ဆုံးကို သွားစီခိုင်းခဲ့တယ်။မင်းပြောတာကတော့ ငါက ချန်းကျိယွီရဲ့ရှေ့မှာ ရပ်နေဖို့ မထိုက်တန်တဲ့ လူတစ်ယောက်မို့လို့တဲ့။
ဒီစာသင်နှစ်မှာတော့ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ ငါမင်းကို ရီခဲ့တာတောင် မင်းကငါ့ကို ဒေါသမထွက်တဲ့ အပြင် တစ်ခုခုတောင် ပေးခဲ့သေးတယ်။
အချိန်က တစ်ကယ်ကို အံအားသင့်စရာပဲ ဟုတ်တယ်မို့လား။
နောက်ဆုံးတော့ အခမ်းအနားပြီးလို့ အတန်းတွေထဲပြန်ဝင်ကြတဲ့ အခါမှာတော့ လေအေးပေးစက်မှလာတဲ့ အေးမြတဲ့ လေက အခုလေးတင် ကန္တာရထဲလာပြန်လာသလိုဖြစ်နေကြတဲ့ ကျောင်းသားအုပ်စုကို ကယ်ဆယ်ပေးလိုက်နိုင်သွားရှာသည်။
"ဟူးး_"ချင်းလောင်ကထိုင်လိုက်ပြီး သူ့ရဲ့ ကျောင်းယူနီဖောင်းကို ဖွင့်လိုက်ကာ အောက်မှာရှိတဲ့ ရှပ်အင်္ကျီရဲ့ ကြယ်သီးတစ်ချို့ကို ဖြုတ်လိုက်တဲ့အခါတွင် လှပတဲ့ ညှပ်ရိုးတစ်စုံက ခပ်ရေးရေး လှစ်ဟလာတော့သည်။ဒါက သူ့ကို ချောင်းကြည့်နေတဲ့ မိန်းကလေးအချို့ရဲ့ မျက်နှာတွေကို ခနမျှ ရှက်သွေးဖြာသွားစေသည်။