Unicode
Chapter ( 14.1)
"...." ချင်းလောင်က တက္ကစီပေါ်မှာ အားအင်ချိနဲ့စွာထိုင်နေခဲ့ပြီး 'တန်ဖိုးအသစ်'ကို ရုတ်တရက်ကြားလိုက်ရတဲ့အချိန်မှာလည်း အနည်းငယ်တောင် မအံ့ဩခဲ့ပါချေ။သူက systemကိုမေးလိုက်သည်။
"နှစ်သက်မှုကရော ဘယ်လိုလဲ"Systemက သူ့hostက သေနေတယ်လို့တောင် ခံစားလိုက်ရသည်။
"နှုစ်သက်မှုက အခု90ရှိပြီ။ဒါနဲ့ မင်းဘာလို့ ထွက်ပြေးလာတာလဲ။မင်းရဲ့ အထက်ပုဂ္ဂိုလ်အိုလေးက မင်းကို ချစ်တာအရှင်းကြီးပဲလေ ပြီးတော့ မင်းနဲ့လည်း အတူနေချင်နေတာပဲကို။ပြီးတော့ မင်းအခုသူ့ကို ဒီလိုကြီးငြင်းလိုက်တော့ သူအခု အမှောင်ဖုံးကုန်ပြီ။""ငါထွက်မပြေးရင် သူ့ကို ကျင့်သားရအောင်လုပ်ဖို့ ငါဘယ်လို အခွင့်ရေးပေးရတော့မှာလဲ၊ ပြီးတော့ငါ့ကို သင်ခန်းစာပေးဖို့ရောပေါ့။ တက္ကသိုလ်က တော်တော်ကြာကြာတက်ရမှာ၊သူငါ့ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ သိလောက်မယ်မထင်ဘူး" ချင်းလောင်ရှင်းပြလိုက်သည်။"ဒါက ငါလုပ်ချင်လို့လုပ်နေတာမဟုတ်ဘူး ဒါက (မူလ)ချင်းလောင်သေချာပေါက်လုပ်မယ့်ပုံမျိုးပဲ။သူက ငယ်ငယ်လေးထဲက လှောင်ပြောင်သရော်မှုတွေနဲ့ ဝေဖန်မှုတွေကြုံရမယ့် ကံက လွတ်မြောက်ခဲ့ဖူးတာ မဟုတ်ဘူး။သူ့နှလုံးသားက အရမ်းသန်မာနေတာမဟုတ်ဘူး။လွယ်လွယ်နဲ့ ကွဲကြေသွားနိုင်နေသေးတယ်။သူ့ရဲ့ အရင်က မောက်မာတယ်ဆိုတဲ့ပုံမျိုးကလည်း သူ့ရဲ့ ရှုပ်ထွေးနေတဲ့ ကိုယ်ပိုင်သိမ်ငယ်စိတ်ကို ဖုံးဖို့ သုံးထားတဲ့ အကာအကွယ်ချပ်ဝန်တန်ဆာ တစ်ခုထက်မပိုခဲ့ဘူး"
"သူ့အတွက်ကတော့ ရဲ့ချန့်ရဲ့ အချစ်က အရမ်းပူပြင်းလွန်းတယ်။သူဒါကို မလိုချင်တာမျိုးမဟုတ်ဘဲ သူမထိရဲတာပဲ။အမှိုက်တစ်စတောင်မကျန်တဲ့အထိ လောင်ကျွမ်းခံလိုက်ရမှာကို သူကြောက်တယ်။မင်း အမေအလှလေးပြောတာ မကြားလိုက်ဘူးလား။ငါတို့ Kမြို့မှာ နောက်ထပ်ဆက်နေလို့မရတော့ဘူး။အမေအလှလေးက အရင်က လက်ဝတ်ရတနာ ဒီဇိုင်နာဖြစ်ခဲ့တာ။ပြီးတော့ သူက ကုမ္ပဏီကြီးတွေ တော်တော်များများကိုလည်း စီမံနိုင်ခဲ့တာ။ဒါပေမယ့် Kမြို့မှာရှိနေတဲ့ လက်ဝတ်ရတနာ ကုမ္ပဏီတွေက သူမကို လက်မခံရဲကြတော့ဘူး။ဒါဘာကို ဆိုလိုတာလဲဆိုတော့.."