Chapter (20.1)

2.3K 401 10
                                    

Unicode

Chapter (20.1)

ယွီဖန်း နှာမှုတ်လိုက်ရင်း သူတို့နှစ်ယောက်အတွက် ပန်းသီးစိတ်ပေးလိုက်သည်။သူတို့နှစ်ယောက်လုံး လက်ထဲထည့်ထားလိုက်ပြီး သူမကို ငေးကြောင်ကြောင် ကြည့်နေကြ၏။သူမက ဆက်ပြီး" ကလေး၊မင်းရဲ့ လိမ်ညာတဲ့ လယ်ဗယ်က အရမ်းဆိုးလွန်းတာလေ။ကိုယ့်ရဲ့အသံကွဲအောင်အထိ ဘယ်သူကသီချင်းဆိုမှာတဲ့လဲ။သားပြန်လာတုန်းက သားရဲ့လည်ပင်းမှာ အနမ်းမှတ်တစ်ခုလည်း တွေ့တယ်။သားလမ်းလျှောက်တဲ့ ပုံကလည်း ထူးဆန်းနေတယ်လေ။အမေသားကို မီးဖိုချောင်ထဲကနေ မမြင်ဘူးလို့ထင်နေတာလား။ပြီးတော့ သားညလည်ခေါင်အထိလည်း မအိပ်နိုင်ဘဲသားရဲ့ ဖုန်းကိုပဲကြည့်နေပြီး ငိုနေခဲ့တာလေ။နောက်နေ့ အမေတို့လေဆိပ်ကိုသွားတော့လည်း သားရဲ့ပုံက တစ်ပိုင်းသေနေသလိုပဲ။"

"..."

ချင်းလောင် ပန်းသီးအားတိတ်တိတ်လေးပဲ စားနေလိုက်သည်။တကယ်တော့ သူပြောပြလိုက်ချင်ပါသည်၊သူညလည်ခေါင်ကြီးငိုမနေပါဘူးလို့....
တကယ်တော့ သူ ဝတ္ထုတွေဖတ်ပြီး ရီနေတာပါလို့
ဒါပေမယ့် သူက တံခါးကိုကျောပေးထားတာဖြစ်တဲ့အတွက် အရယ်လွန်ပြီး တုန်နေတာက ငိုနေတာနဲ့ တူသွားခြင်းပင်။

ရဲ့ချန့် သူ့ခေါင်းကိုစောင်းငဲ့ပြီး ချင်းလောင်အား အလွန်ကို စိတ်မသက်မသာဖြစ်နေတဲ့ ပုံဖြင့် ကြည့်လာ၏။ဒါဆို သူအိမ်ပြန်သွားတဲ့ အဲ့ဒီ့နေ့တုန်းက သူအရမ်းဝမ်းနည်းနေခဲ့တာပေါ့။ပြီးတော့ သူက ညသန်းခေါင်အထိဖုန်းကိုတောင်ကြည့်နေသေးတာ သူပို့လိုက်တဲ့ massageတွေကြောင့်ပေါ့?

ယွီဖန်းက ချင်းလောင်အား မကျေမချမ်းပုံဖြင့် ကြည့်ရင်း:"မင်းတို့ကလေးတွေက တကယ်ပါပဲ၊အမေတစ်ယောက်ဆိုတာ ဘာမို့လို့လဲ။အမေ့ကို တောင် ဘာမှမပြောပြနိုင်ဘူးလား။အမေ သားကို အဲ့လိုမြင်လိုက်ရတာ ဘယ်လောက်တောင် နာကျင်ရလဲ သားသိရဲ့လား။"

ချင်းလောင် အပြေးအလွှားပဲ သူမအား ဖက်လိုက်ပြီး ချွဲနွဲ့စွာဖြင့်;"အမေ......တကယ်တော့၊ကျွန်‌တော်ရဲ့ချန့်ကို ဒီနေ့ခေါ်လာတာ အမေ့ကို ပြချင်လို့ပါ။ကျွန်တော့သူ့ကိုတကယ်ကြိုက်တာပါ၊အမေမငြင်းဘူးလို့တော့ ကျွန်တောိမျှော်လင့်တယ်ရယ်...."

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now