Unicode
Chapter (4.1)
ကျောင်းသားအများစုက အခုထိမပြန်ကြသေးပဲ နောက်ဆက်တွဲအတင်းအဖျင်းများအား စောင့်နေကြဆဲဖြစ်သည်။
သိပ်မကြာခင်မှာတော့ လူအနည်းငယ်က စာသင်ခန်းအတွင်းသို့ပြန်ရောက်လာကြ၏။လေထုက အနည်းငယ်တော့ ထူးဆန်းနေသည်။ချင်းလောင်အား ရဲ့ချန့်ထိုးလိုက်တဲ့ ဒဏ်ရာကလွဲပြီး၊သူတို့ထဲက တစ်ယောက်မှ ထိခိုက်ဒဏ်ရာရခဲ့ပုံမပေါ်ပေ။
ဖရဲသီးစားနေတဲ့ လူတွေကတော့ သိပ်ပြီး နားမလည်ဖြစ်သွားကြသည်။
(ဖရဲသီးစား=ပွဲကြည့်)ချင်းလောင်က သူ့ရဲ့ထိုင်ခုံမှာ မထိုင်တော့ဘဲ သူ့ရဲကျောပိုးအိတ်ကို သူ့နောက်ကျောမှာလွယ်လိုက်ပြီး ရဲ့ချန့်၏ ပုခုံးကို တိုက်ကာ ခေါင်းကိုမော့ချီလျက် စာသင်ခန်းထဲကနေထွက်သွားတော့၏။
ရဲ့ချန့်က သူ့နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး သူ့ခုံသို့ ဖြည်းဖြည်းလေး ပြန်သွားကာ ဒီနေ့ပေးလိုက်တဲ့ အိမ်စာတွေထုတ်လိုက်ပြီး ငုံ့၍သာနေနေလေသည်။
အဓိကလူ တစ်ယောက်က ထွက်သွားပြီဖြစ်ပြီး အေးစက်စက်လူတစ်ယောက်နဲ့ ကြည့်ရတာ အခြေအနေမကောင်းတဲ့ နောက်နှစ်ယောက်သာ ကျန်နေခဲ့၍ သူ့တို့သွားမေးရင်တောင် ဘာမှသိရတော့မည် မဟုတ်ပေ။ပွဲကြည့်နေတဲ့ လူတွေထဲကလည်း နှစ်ယောက်စ သုံးယောက်စ ထွက်သွားကြတော့၏။ cafeteriaကို သွားတဲ့လူကသွား အိမ်ပြန်သင့်တဲ့လူကပြန်သွားကြသည်။
ဟန်ဟန်ကတော့ စာသင်ခန်းထဲတွင်ကျန်နေခဲ့သေးကာ သူမက နောက်တန်းကို နှစ်ခါလောက်လှည့်ကြည့်လာ၏။နောက်ဆုံးတော့ သည်းမခံနိုင်တော့သဖြင့် ရဲ့ချန့်ရဲ့ဘေးနားကို ထပြီးသာ သွားလိုက်တော့၏။ သူမက ချင်းလောင်ရဲ့ ခုံမှာလည်း မထိုင်ချင်၊ချင်းလောင် နောက်လိုက်နှစ်ယောက်ရဲ့ ခုံမှာလဲ မထိုင်ချင်တဲ့အတွက် ဘေးဘက်မှာပဲ မတ်တပ်ရပ်လိုက်သည်။
"ရဲ့ချန့်၊ နင် အဆင်ပြေရဲ့လား။ငါတော့ နင်လုပ်ခဲ့တယ်ဆိုတာကို မယုံပါဘူး။ဆရာတွေလဲ အဖြစ်မှန်ကို ရှာတွေ့သွားလိမ့်မှာပဲ။"ဟန်ဟန့်ရဲ့ အသံကကြည်လင်နေပြီး၊သူမတစ်ယောက်ယောက်ကို နှစ်သိမ့်တဲ့အခါမှာ လူတွေက သူမစကားကို နားထောင်ပြီးနောက် အမှန်ပင် ခနလောက်တော့စိတ်လျော့သွားစေနိုင်သည်။