Chapter (15.1)

2.6K 474 8
                                    

Unicode

Chapter (15.1)
 

ချင်းလောင် စကားတစ်ခွန်းမျှမပြောခဲ့ဘဲ ချန်းကျိယွီကို နှစ်ခါပြန်ကြည့်လိုက်ပြီးနောက်သူ အိပ်ဆောင်ထဲမှာ ထွက်ပြေးသွားခဲ့သည်။သူ ဒီတက္ကသိုလ်နယ်မြေနဲ့ မရင်းနှီးတဲ့အတွက် အချိန်တော်တော်ကြာအောင် counselorကို ရှာဖို့ နေရာပေါင်းများစွာကို ပြေးလွှားခဲ့ရသည်။

မှန်ပေသည်၊သူအခန်းပြောင်းရမည်။အခန်းပြောင်းဖို့ အတည်ပြုပြီးနောက်မှာ‌တော့ သူ့ရဲ့ ခရီးဆောင်အိတ်ကို ပြန်ယူဖို့ အဆောင်ကိုပြန်သွားခဲ့သည်။ထိုအချိန်မှာတော့ နေ့လည်စာစားချိန်တောင်ကျော်နေပြီဖြစ်၏။

ချန်းကျိယွီက ချင်းလောင်ကိုစိတ်မပျက်စေခဲ့ပါဘူး၊အသေအချာပါပဲ သူက သူ့ရဲ့အရီးဆောင်အိတ်ကို ဖွထားပေသည်။ချင်းလောင် အဆောင်ကိုပြန်ရောက်တဲ့အချိန်သူ ဒါကိုမြင်လိုက်ရတော့ သူ အတန်းဖော်ချန်းကို တကယ်ကြီး ရိုက်နှက်ချင်စိတ်ပေါက်သွားရ၏။သူ့မှာ ခြေကုန်လက်ပန်ကျလုနီးပါးဖြစ်နေပြီး ဒီအရာက အရှိန်တိုးမြှင့်ပေးလိုက်သလိုပင်။

"Sorryပါ ငါသူတို့ကို ဒီဟာတွေက အခန်းဖော်အသစ်ရဲ့ဟာလိုပြောလိုက်ပေမယ့် သူတို့က ရှုပ်နေတဲ့လို့ခံစားရလို့...."
ချန်းကျိယွီက မျက်မှောင်ကြုတ်ပြီး ကူကယ်ရာမဲ့စွာ ချင်းလောင်အားကြည့်နေ၏။သူလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမတတ်နိုင်လို့ပါလို့ ပြောနေတဲ့ အတိုင်းပင်။

ချင်းလောင်ရဲ့ တင်းတင်းကြပ်ကြပ်ဆုပ်ထားတဲ့ လက်သီးကနောက်ဆုံးတော့ ပြေလျော့သွားသည်။သူ့ပစ္စည်းတွေကို တစ်ခုချင်းစီပြန်ကောက်ဖို့က သူ့ကံပင်ဖြစ်နိုင်သည်။နောက်ဆုံးမှာတော့ သူ့ရဲ့ ခရီးဆောင်အိတ်ကို ဆွဲလိုက်ကာ ချန်းကျိယွီရဲ့အမြင်အောက်မှ ထွက်လာခဲ့၏။

"506....ဟူး၊နောက်ဆုံးတော့ရောက်ပြီ"ချင်းလောင် အိပ်ဆောင်ရဲ့တံခါးပေါ်မှ နံပါတ်ကိုကြည့်လိုက်သည်။သူနောက်ဆုံးတော့ သူနေရမယ့်နေရာကို ရောက်ပြီလေ။

ချင်းလောင် အဆောင်တံခါးကို ဖွင့်လိုက်တော့ အိပ်ယာလေးခုထဲက တစ်ခုသာ ပြင်ဆင်ထားမှန်းတွေ့လိုက်သည်။အပြာရောင်အစင်းကြောလေးတွေပါတဲ့ အိပ်ယာခင်းက ကျစ်ကျစ်လစ်လစ်နဲ့ရိုးရှင်းပြီး ၎င်းကိုကုတင်အလွတ်ပေါ်မှာ သေသေသပ်သပ်လေးခေါက်တင်ထားပေသည်။အိပ်ခန်းထဲမှာတော့ လူတစ်ယောက်မှမရှိပါပေ။

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now