Unicode
Chapter (26.2)
ကျင်းယွီက ထိုလူများ၏ ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ အမူအရာကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ ထိုပါပါရာဇီတွေကို တစ်ယောက် ယောက်မှ ဖမ်းချုပ်ထားစေရန် အသင့်ပြင်လိုက်ပေမယ့်လည်း ထိုပါပါရာဇီများ၌ ထက်ရှလှသောအနံ့ခံအာရုံရှိသဖြင့် ကျင်းယွီ၏လူများ မဖမ်းနိုင်ခင်မှာပဲ ဖုန်တန်းပဲ မြင်ရလောက်တဲ့နေရာအထိ ပြေးကုန်ကြပြီး ဖြစ်လေသည်။
"ထားလိုက်ပါတော့ အစ်ကိုကျင်းယွီရယ်။ကျွန်တော်ကအဲ့လောက်ကြီးနာမည်ကြီးနေတာလည်းမဟုတ်ဘူး။အဲ့တော့ကိစ္စမရှိပါဘူး"
ဂုဏ်သိက္ခာရှိသော ကျင်းမိသားစု၏ဆက်ခံသူသည် သူ့အတွက်
ပါပါရာဇီနောက်သို့ ပြေးလိုက်သွားသည်ကို ချင်းလောင်မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားရပေသည်။ဖြစ်သွားတဲ့ကိစ္စက သူ ရန်ဟန်အား ပြန်တွေးမိစေ၏။သူ ရုတ်တရက် အနည်းငယ် ထုံထိုင်းသွားရသည်။သူတို့နှစ်ယောက် ကွာရှင်းလိုက်ပြီဆိုတော့ အတင်းအဖျင်းတွေက ဟိုးလေးတကျော်ကျော်ဖြစ်ကုန်ရင် ဘယ်လိုလုပ်ရပါ့။ ဒါပေမယ့် အဲဒီလူက ဘာပဲဖြစ်ဖြစ် ဂရုစိုက်တာတော့မဟုတ်ပေ။
ကျင်းယွီက သူ့လက်မောင်းပေါ်ရှိ လက်ကလေးအား ကြည့်လိုက်ရင်း ပါပါရာဇီအားထပ်ပြီး ဂရုမစိုက်နိုင်တော့ပါပေ။မကြာခင်မှာပဲ ချင်းလောင်က ရည်မှန်းချက်ကြီးကြီးနဲ့ သူ့ကိုကပ်ပြီး ဆက်ဆံရေးတစ်ခုထူထောင်နေကြောင်း သတင်းသစ်တွေထွက်လာတော့မှာ သေချာပေသည်။အဲ့တော့ ဒီသတင်းတွေကြောင့် ချင်းလောင်အတွက် ပြဿနာတွေဖြစ်သွားတော့မှာလား။
သူက နောက်မကြာခင်မှာထွက်လာတော့မယ့် သတင်းနောက်ကို မလိုက်ချင်သလို ဖြေရှင်းချက်ပေးဖို့ကိုတောင် မတွေးချင်တာ ပုံမှန်ပေမယ့်လည်း သူချင်းလောင်ဝမ်းနည်းသွားမှာကိုလည်း မလိုချင်ပါပေ။
"ကောင်းပြီ ရှောင်လောင် အကယ်လို့ သတင်းတွေထွက်လာခဲ့ရင် ပြောတဲ့လူတွေကို အစ်ကိုကိုင်တွယ်ပေးပါ့မယ်။မင်းအပေါ် ဘာအရှုပ်အထွေးမှဖြစ်မှာမဟုတ်ဘူး"
ကျင်းယွီက လူကြီးလူကောင်းတစ်ယောက်ဖြစ်ပေ၏။သူက အရမ်းကိုမှ ယဉ်ကျေးသိမ်မွေ့လှကာ ထောက်ထားညှာတာတတ်လှပြီး သူ့ဘေးနားမှာရှိနေတဲ့လူတွေအား သူနဲ့ပြောဆိုဆက်ဆံရာ၌ သက်သောင့်သက်သာအဖြစ်ဆုံးနေရာငယ်လေးဖန်တီးပေးပေသည်။