Chapter (9.1)

2.7K 516 14
                                    

Unicode

Chapter (9.1)

တနင်္လာနေ့မှာတော့ မိုးရွာနေ၏။ဆောင်းဦးမှာရွာနေတဲ့ မိုးက မစဲခင် ရက်အနည်းငယ်ကြာအုံးမည် ထင်သည်။

"ဒါဘာကြီးလဲ။"
ချင်းလောင် ခုံပေါ်မှာ လှဲပြီး အိပ်ဖို့ပြင်နေတာဖြစ်သည်။ဒီလို မိုးဖွဲဖွဲကျနေတဲ့ ရာသီဥတုက လူတွေရဲ့ ငိုက်မြည်းခြင်းကို နှိုးဆွနိုင်ပေသည်။ဒါပေမယ့် သူအိပ်မပျော်သေးခင်မှာပဲ သူ့ရဲ့ထိုင်ခုံဖော်က သူ့လက်တွေထဲကို တစ်စုံတစ်ခုအား ထိုးထည့်လိုက်၏။

"လက်ဆောင်" ရဲ့ချန့်က သူအဲ့ဒါကို ဖွင့်ဖို့လုပ်နေတာကို မြင်လိုက်တာနဲ့ အသံတိုးတိုးဖြင့် ပြောလာ၏။

"မင်း အဲ့ဒါကို ပြန်သွားပြီးတဲ့ အချိန်မှ ကြည့်"

ချင်းလောက်သူ့လက်ကို ရုတ်လိုက်ပြီး သူ့မျက်နှာမှာတော့ ပြီတီတီ အပြုံးတစ်ခုကို ချိတ်ဆွဲလျက် ပစ္စည်းလေးကို သူ့လွယ်အိတ်ထဲထည့်လိုက်၏။ထို့နောက် ရဲ့ချန့် ပုခုံးကို တိုက်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

"မင်းငါ့ကို အရောင်တွေနဲ့ စာအုပ်တော့ မပေးဘူးမို့လား။အာ-ဟ?
R 18တွေ‌?"

"....."ချင်းလောင်သူ့ကို မျက်စိမှိတ်ပြလိုက်တာကိုကြည့်ပြီး ရဲ့ချန့်မပြုံးဘဲ မနေနိုင်ပါတော့ချေ။"မင်းဘာတွေ တွေးနေတာလဲ။"

ချင်းလောင် သူ့ခေါင်းကို ပျင်းရိပျင်းတွဲငြိမ့်လိုက်ရင်း"ဒါကပုံမှန်ပဲ မဟုတ်ဘူးလား။လူအများစုက ဒီလို ပစ္စည်းမျိုးကို သူတို့ သူငယ်ချင်း ဆယ့်ရှစ်နှစ်ပြည့်ရင် ပေးကြတာပဲ မဟုတ်ဘူးလား။"

ရဲ့ချန့်က မေးလိုက်၏။"မင်း တနေ့ကတုန်းက အဲ့လိုမျိုးဟာ ရလို့လား။"

"မရဘူးလေ။"ချင်းလောင် ရုတ်တရက် ရဲ့ချန့်နား ကပ်လိုက်ပြီး သူ့လက်တစ်ဖက်ကို ရဲ့ချန့် လည်ပင်းကို ချိတ်လိုက်ကာ နားထဲသို့ တီးတိုးပြောလိုက်၏။"တကယ်တော့ ၊ငါ အဲ့လို ကိစ္စတွေကို အတော်အသင့်တော့ စိတ်ဝင်စားတယ်၊ငါမင်းကို ပြောပြမယ်၊ငါ့မှာအခုထိ ပထမဆုံးအနမ်းရှိနေတုန်းပဲ။"

ကောင်လေးရဲ့လက်တွေက နူးညံ့နေလိုက်တာ သူ့တစ်ကိုယ်လုံးမှာ ဘာအားမှမရှိသယောင်ပင်။သူစကားပြောလိုက်တိုင်း ပူနွေးနေ့အသက်ရှူသံက သူ့နားကို  ကလိထိုးနေသလိုဖြစ်‌နေ၏။ ၎င်းက အနည်းငယ် ယားယံစေပြီး ပူလောင်လာစေသည်။သူတို့ စကားပြောပြီးတဲ့ အခါမှာတော့ သူ့ရဲ့ ပထမဆုံးအနမ်းက ရှိနေတုန်းပဲလို့ အခိုင်အမာပြောဆိုလာတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းကို သူ ခေါင်းစောင်းငဲ့ပြီး မကြည့်ဘဲမနေနိုင်ခဲ့ပေ။သူ့ရဲ့ နှုတ်ခမ်းတွေက မထူလွန်း မပါးလွန်းနဲ့ ပန်းရောင်သန်းနေသည်။သူ နှုတ်ခမ်းဆီ လိမ်းထားလားမလိမ်းထားလားတော့မသိပေမယ့် သူ့ရဲ့နှုတ်ခမ်းတွေကတော့ ရေဓာတ်ပြည့်ဝနေပြီး နူးညံ့မယ့်ပုံ ပေါ်၏။အဲ့ဒါက တစ်ခုခုကို လုပ်ချင်လာအောင်......

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now