Chapter (18.1)

2.5K 459 12
                                    

Unicode

Chapter 18.1

အမှောင်ထဲမှာ၊သူ သူ့မျက်နှာပေါ်က အရောင်ကိုမမြင်ရရင်တောင်မှ လုံးဝကြီး ‌နီစွေးနေမယ်မှန်းတော့ ချင်းလောင် ခံစားရသည်။ရဲ့ချန့်ကအောက်ဘက်မှ တက်လာပြီး သူ့အပေါ်သို့ထိလုမတတ်ကုန်းငုံ့လိုက်ပြီး သူ့ကိုငေးကြည့်လာသည်။အလင်းရောင် ဖျော့ဖျော့အားဖြတ်ပြီး  အတော်လေး ကြောက်ဖို့ကောင်းအောင် အလွန့်အလွန်ကို တောက်ပနေပုံရသော ထိုလူ့ရဲ့နက်ရှိုင်းနေသောမျက်လုံးများအား ချင်းလောင်မြင်လိုက်ရ၏။

ထို့နောက်မှာတော့ ရဲ့ချန့်သူ့အားနမ်းရှိုက်ဖို့ ပြုလုပ်လာသည်။ချင်းလောင် သူ့ကိုမနမ်းချင်တဲ့အတွက် သူ့ပါးစပ်ကို ပိတ်လိုက်ပြီး ရှောင်တိမ်းနေလိုက်၏။

သို့သော် လက်တွေအချည်ခံထားရတဲ့သူ့အတွက်တော့ သူ့မေးစေ့အား တစ်ခါလောက်ဆွဲမခံလိုက်ရတာနဲ့ သူ့မှာ ရှောင်တိမ်းဖို့နေရာမရှိပါပေ။ရဲ့ချန့်က ပြုံးစစဖြင့် သူ့အားစနောက်လာ၏။
"ဘာလို့ရှောင်နေတာလဲ? မြည်းကြည့်ပါအုံး၊မင်းရဲ့ ကိုယ်ပိုင်အရသာလေးကို"

ဖူး......ချင်းလောင် သွေးတောင် အန်မိတော့မလိုပဲ။

ထို့နောက်တော့ ရဲ့ချန့်သူ့အား တကယ်နမ်းရှိုက်လာသည်။တကယ်‌တော့ ချင်းလောင် လုံးဝကို ဘာအရသာမှမရပါပေ၊ရဲ့ချန့်သူ့အား ဒီလိုအရာမျိုးပြုလုပ်ပေးလိမ့်မယ်လို့လည်း သူမထင်ထားခဲ့။ဒါက အရမ်းရှက်ဖို့ကောင်းလှသည်။

"မင်း...မင်း ငါ့လက်ကို ဖြည်ပေး" ချင်းလောင် သူ့ကို ထပ်မအော်ရဲပါပေ။သူစိတ်လိုက်မာန်ပါဖြင့် ပိုကြောက်ဖို့ကောင်းတဲ့အရာတစ်ခုခု ထပ်လုပ်လိုက်မှာကို သူကြောက်သည်။

"နာလို့လား" ရဲ့ချန့် အသံက အလွန်ကို သိမ်မွေ့နေပေ၏။
ပြောလိုက်ရင်းပဲ ချင်းလောင်၏ လက်ကောက်ဝတ်အားထိတွေ့လိုက်သည်။

"နာတာပေါ့!" ချင်းလောင်က ရဲ့ချန့်ဟာ စိတ်သဘောပျော့ပြောင်းတဲ့လူလို့ ထင်တဲ့အတွက် မကျေမနပ်မှုအပြည့်နဲ့ပဲ ပြောလိုက်သည်။
(အလျော့ပေးနေလို့ ပြန်အော်တာ:")

ရဲ့ချန့် သူ့လက်ကိုပြန်ရုတ်လိုက်ပြီး သူ့ခေါင်းအား ချင်းလောင်ပုခုံးထက်မြှုပ်နှံလျက် ရယ်သွမ်းလာသည်။ချင်းလောင် သူ့ရဲ့ ရယ်သံကြားလိုက်ရချိန်မှာတော့ ကြောင်သွားရသည်။ထို့နောက် သူပြောတာကိုကြားလိုက်ရ၏:
"ဒါမှမင်းပါပဲ၊မင်းဘာကြောင့်များ အဲ့လောက်လိမ်ပြောနေရတာပါလိမ့်။ငါမင်းရဲ့ လက်ကောက်ဝတ်ပတ်လည်ကို ချည်သားပုဝါတစ်ထည်နဲ့ပတ်ထားတယ်။မင်းကို နက်ကတိုင်လေးနဲ့ပဲချည်ထားတာ ပြီးတော့ ဒီလောက်အကျယ်နဲ့ဆို လုံးဝနာမှာမဟုတ်ဘူးလေ"

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now