Unicode
Chapter (32.1)
အထူးဧည့်သည်က ရန်ဟန်ဖြစ်တဲ့အတွက် သူတို့ ဒီအပိုင်းမှာဘာမှမလုပ်ဘဲထိုင်နေရင်တောင် rating က မိုးပျံနေမည်မှာ သေချာပေ၏။
ချင်းလောင်သူ့မျက်ဝန်းတွေကို ကျဉ်းမြောင်းလိုက်သည်။ တောက်ပလှတဲ့ လမင်းကြီးဘေးဝန်းရံနေကြတဲ့ ကြယ်ပွင့်တွေလိုမျိုး ရန်ဟန့်အားတိုက်ရိုက်သွားကြည့်လိုက်ဖို့ သူ့ကိုယ်သူ ခွင့်မပြုချင်ပါပေ။ချင်းလောင် နှုတ်ခမ်းတွေကို စုဝိုင်းလိုက်ရင်း သူ့ကိုယ်သူ ထင်ပေါ်မနေစေချင်တဲ့အတွက်ကြောင့် လူအုပ်ရဲ့ ဘေးဘက်ဆီ ရွှေ့လိုက်သည်။
ရန်ဟန်က ပြုံးလိုက်ရင်း သူတို့ရဲ့အသင်းခေါင်းဆောင်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ့ကိုကြိုဆိုတဲ့အတွက် အဖွဲ့အားကျေးဇူးတင်ကြောင်းပြောကြားနေ၏။နောက်ဆုံးမှာတော့ သူ့ရဲ့မျက်ဝန်းတွေက ချင်းလောင်အပေါ် အခြေချရင်း သူတတ်နိုင်သမျှ ငြင်သာတဲ့အသံဖြင့်"မင်းနာနေသေးလား"
ချင်းလောင်ရဲ့နှလုံးက နောက်တစ်ကြိမ်ထပ်ပြီး ပြင်းပြင်းထန်ထန်ခုန်လာပြန်ရပြီ။ သူထိုမျက်လုံးတွေနဲ့ဆုံတဲ့အချိန်မှာ သူ့ရင်ခုန်သံတွေကိုငြိမ်သက်နေအောင်ထိန်းနိုင်ရုံမျှသာ၊ ငြိမ်သက်သွားအောင်ထိန်းချုပ်လိုက်ပြီးနောက် ပြုံးလိုက်ပြီး "အဆင်ပြေပါပြီ၊ကျေးဇူးတင်ပါတယ်"
ရန်ဟန်က ချင်းလောင်ကို အစတည်းက သိတာဖြစ်သည်။ချင်းလောင်ဒဏ်ရာရသွားတဲ့အချိန်တုန်းက သူက သူ့ဆီလာခဲ့သေးသည်။အဲ့ဒါကြောင့် အခုရန်ဟန်မေးလိုက်တဲ့အခါမှာတော့ ကျန်တဲ့လူတွေက အထွေတထူးဘာမျှတွေးမနေတော့ချေ။
ထိုလူနည်းစုကတစ်ယောက်နဲ့တစ်ယောက် ကြိုဆို နှုတ်ဆက်အပြီးမှာတော့ အသင်းလေးသင်းကို စတင်ပြီး ခွဲလိုက်ကြသည်။လူအများစုက ရန်ဟန်နဲ့အသင်းအတူကျချင်နေတဲ့အတွက် ဒါရိုက်တာက လူတိုင်းကို စားပွဲတင်တင်းနစ်ဂိမ်းလေးတစ်ခုကို ကစားခိုင်း၏။သိပ်မဝေးလှတဲ့ အကွာအဝေးရှိ ချောမွေ့တဲ့မျက်နှာပြင်ပေါ်၌သတ်မှတ်ထားတဲ့ နေရာဆီ ရောက်အောင် ရိုက်ရမှာဖြစ်ပေသည်။