Chapter (28.1)

1.9K 368 11
                                    

Unicode

Chapter (28.1)

ကျင်းယွီကတော့ ဒီသတင်းတွေထွက်လာလာချင်းကိုပဲ သူ့လူတွေကို ဖြေရှင်းခိုင်းနေပေမယ့် ထူးဆန်းတာက သူဘယ်လောက်ပဲ ဒီသတင်းတွေကို ဖြတ်ချချ အသစ်တစ်ခုက အမြဲတမ်းပေါ်ပေါ်လာပြီး အလျင်အမြန်ကိုပဲ hot search ပေါ်ကို ရောက်ရောက်သွားခြင်းပင်။

ကျင်းယွီလည်း ချင်းလောင်ကိုတောင်းပန်ဖို့ ဖုန်းခေါ်လိုက်ရင်းပဲ
"ရှောင်လောင်၊ကိုယ်တောင်းပန်ပါတယ်၊ဘာတွေဖြစ်ကုန်တာလဲ ကိုယ်လဲမသိတော့ဘူး၊ဒီတစ်ခါ....."

ချင်းလောင်က ကျင်းယွီဘာပြောနေတာလဲဆိုတာကို သိတဲ့အတွက် သူပြုံးလိုက်ရင်း:" အဆင်ပြေပါတယ် အစ်ကိုကျင်းယွီရဲ့။ကျွန်တော်ဘာမှမဖြစ်ပါဘူး။အစ်ကို ဖြတ်မချနိုင်လည်း ကိစ္စမရှိဘူးရယ်"

ချင်းလောင်ကိုယ်တိုင် ဒီလိုပြောလာတော့လည်း ကျင်းယွီလည်းဆက်မပြောတော့ပေ။လောလောဆယ်တော့ အင်တာနက်ပေါ်မှာ အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေမရှိသေးသလို သူလည်း ဒါတွေကို တကယ်ရှင်းမထုတ်ပစ်လိုက်ချင်ပါပေ။သူတို့နှစ်ယောက် စကားအချို့ပြောဆိုပြီးနောက် ဖုန်းချလိုက်တော့သည်။

"အစ်ကိုကျင်းယွီ၊ဒီငတုံးကောင်လေးကတော့။ဟုတ်တာပေါ့ ဒီလိုဖြစ်တယ်ဆိုတာ တစ်ယောက်ယောက်က တစ်ခုခုလုပ်ထားလို့ပေါ့ဟ။ဥပမာအနေနဲ့ဆို ငါ့ရဲ့ ချစ်လှစွာသော ထုန်ထုန်လေးပေါ့"
ချင်းလောင်သူ့ဖုန်းလေးကို အဝေးသို့ ပစ်ထုတ်လိုက်ရင်း ရေသွားချိုးဖို့လုပ်လိုက်သည်။
"ထုန်ထုန်ရေ၊ငါ့ခင်ပွန်းဟောင်းကြီး ဂျေဝင်နေသေးလား။ဒီမနက်တုန်းက 2မှတ်တောင်ထပ်တက်လာသေးတယ်"

System က သူ့အားဖြတ်ပြောပစ်သည်။
"သိနေရဲ့သားနဲ့ လာမေးနေသေး"

"အမှန်တိုင်းပြောရမယ်ဆိုရင် ရန်ဟန့်ရဲ့ နှစ်သက်မှုလယ်ဗယ်မြင့်တာက နည်းနည်းမြန်နေတယ်လို့ ငါထင်တယ်။ငါတို့ ရက်နည်းနည်းပဲရှိသေးတာ မို့လား"ချင်းလောင် သူ့ရဲ့ဖျော့တော့နေတဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင်း"တကယ်ကြီး အဲ့C အဆင့်ဆေးရည်ကြောင့်ပဲများလား"

"....."
လာပြန်ပြီ ဒီအကြောင်းပဲ။ system စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး "အိုး ၊အဲ့ဒါမှမဟုတ်ရင် မင်းက ဘာလို့ထင်နေသေးလို့လဲ"

စင်ဂဲလ်ခွေးအဆုံးသတ်စနစ်Where stories live. Discover now