ရွှေဝတ်မှုန်ဘူတာကို ရထားရပ်လိုက်ချိန်မှာ Nova က ရထားပေါ်ကနေ ခဏဆင်းလိုက်တယ်။ ဒီဘူတာက ကုန်တင်ကုန်ချရှိတာမို့ နည်းနည်းတော့အချိန်ပေးပြီးရထားရပ်ကြရတယ်။ ဒါကြောင့်လဲ Novaကို ဒီဘူတာမှာ ပစ္စည်းပေးဖို့စီစဥ်တာပေါ့။ ကုန်တင်ကုန်ချတွေ ရှိတာကြောင့် သတိထားမိဖို့မလွယ်ဘူးလေ။
စင်္ကြန်ကိုခြေချမိတဲ့အခါ ရထားစီးခရီးသည်တွေနဲ့ ပြေးလွှားဆူညံနေတဲ့ စျေးသည်တွေကို ဝေ့ဝဲကာကြည့်ရင်း Nova ကသူ့ဆီကို ပစ္စည်းအရောက်ပို့ပေးမဲ့သူကိုရှာရတယ်။ တွဲနားမှာပဲ ရပ်ရင်းစောင့်နေမိတယ်။
"ဘေးကို....ဘေးကို...."
Novaနောက်ကျောဆီကနေ ကုန်ထုတ်ကြီးကိုထမ်းပြီး အလုပ်သမားတစ်ယောက်က ပြေးလာတယ်။ သူ့ကျောပေါ်ကအထုတ်ကို အကဲခတ်မိတော့ ကုန်စိမ်းတွေ။
ကုန်တွဲပေါ်ကို ငှက်ပျောခိုင်တွေ အုန်းသီးခြင်းတွေနဲ့အတူ ကုန်စည်အမျိုးမျိုးကို အလုပ်သမားတွေက ခပ်မြန်မြန်ပဲ တင်လိုက်ကြတယ်။Nova ကပစ္စည်းလာပေးမယ်လို့ထင်ရတဲ့သူကို လူအုပ်ကြားမှာရှာဖွေနေဆဲ။
ဘော်....ဘော်...ဘော်....
ရထားထွက်ဖို့အချက်ပေးသံတွေကြားရပြီ။
Nova တောင်ကြည့်မြောက်ကြည့်နဲ့ နည်းနည်းတော့ စိတ်အိုက်လာမိတယ်။ အမူအယာကတော့ မှင်သေသေပါပဲ။ စိတ်ထဲမှာတော့ လွဲမှားမှုတစ်ခုခုဖြစ်မှာကိုတွေးပြီး စိုးရိမ်တယ်။ဘုတ်....
အင့်...ရထားပေါ်ကိုပြန်တက်ဖို့ နောက်အလှည့်မှာ Nova ရင်ဘတ်ကို လူတစ်ယောက် ပြင်းပြင်းထန်ထန်ဝင်တိုက်မိတယ်။
"မင်း....ထိုင်ခုံအောက်မှာ ထားခဲ့ပြီ....သေချာတော့ဂရုစိုက်....ရထားပေါ်မှာ...တာဝန်ရှိတဲ့သူတွေ....ပါ....တယ်"
ခပ်တိုးတိုးပြောရင်းပြေးထွက်သွားတဲ့သူတစ်ယောက်။
သူ့ကျောပေါ်မှာ အထုတ်ကြီးတစ်ခုကိုထမ်းပိုးထားရင်း ပြောသွားတာ။ ပြောလဲပြော ပြေးလဲပြေးဆိုတော့ Nova မနည်းနားထောင်ရတယ်။ ဒါပေမဲ့ ကြားတယ်သိတယ်ဆိုတော့ Nova က သူ့အတွက်သီးသန့်ဝယ်ထားတဲ့အထူးတွဲကို ခုန်တက်လိုက်တယ်။ တံခါးကိုသေသေချာချာပိတ်လိုက်တယ်။
DU LIEST GERADE
On The Side Of Truth
Kurzgeschichtenလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...