part(20)Unicode

281 37 6
                                    


"အဲ့အထုတ်က....တကယ်....မသင်္ကါစရာကောင်းတာ''

"အေးလေ....''

"ဠီးကောင်တွေ.... မိရင်တော့လား.... ငါကိုယ်တိုင်... အရေခွံစုတ်မယ်.... တစ်ရက်မှ.... မနားရသေးဘူး.... ဒီရထားနဲ့လိုက်နေရတာ.... တစ်ပတ်ကျော်ပြီ.... ငါဠိုးရထားကလဲ...ဆောင့်တာ....ဖင်တွေရော....ကျောတွေရော... နာတယ်ဟ''

ငှက်ကြီးက ပစ်ပစ်နှစ်နှစ်ဆဲရင်း စပြောလာတယ်။
ဒီ​ကောင်တွေ ရထားမှာတာဝန်ကျနေတာ ရက်ပေါင်းများစွာ။ အိမ်လဲမပြန်ရသလို အိပ်ကောင်းခြင်း စားကောင်းခြင်းမရှိရတော့ စိတ်နာနေပုံပါပဲ။
.
.
.

နိုဗာ့စိတ်ထဲကတော့ တော်တော်ချဥ်တူးနေမိပါပြီ။
ရယ်လဲရယ်ချင်မိပါတယ်။ ချဥ်မိတာကတော့ ရထားပေါ်မှာ တောင်စစ်မြောက်စစ် ဟိုလူ့ဟောက် ဒီလူ့ဆဲနဲ့ သီးသန့်တွဲစီးပြီး အခွင့်ထူးခံလူတွေက ပင်ပန်းတယ်ဆိုလို့လေ.... ပြောတတ်တဲ့ပါးစပ်ကို ရွှေကွပ်ပြီးထားရမယ်။ ရွှေကွပ်ပြီးရင်တော့ အိမ်သာကမုတ်လုပ်ပစ်မယ်။
ရယ်ချင်တာကတော့ ကိုယ်တွေကြောင့် သူတို့လဲတန်ပြန်ခံစားနေရတယ်ဆိုတာသိလိုက်ရတာကြောင့်ပါ။

.
.
.

"ဘယ်အချိန်က.... ရထားပေါ်ရောက်လာတယ်မသိဘူး.... ဘူတာမှာ.... CCTV ပြန်ကြည့်ရမယ်ကွ''

ဟွန့်...ကြည့်ပေါ့....နင်တို့ထက်လည်လို့... နင်တို့ကိုဘတ်ချနေလို့ရတာ။နိုဗာက ခပ်ချဥ်ချဥ်နဲ့တွေးနေလိုက်ပါတယ်။

.
.
.

"နေပါအုံး.... မင်းတို့ရှာတာ.... ဘာပစ္စည်းလဲ...ဘာသတင်းရထားလို့လဲ''

တက်ဘုန်းလူက မေးတာ။

"ဟာ....ဟေ့ကောင်.... မင်းတကယ်မသိဘူးလား.... မင်းရော...ဘာသတင်းကြောင့်လာတာလဲ....ဒါဆို''

"ငါကသပ်သပ်တာဝန်ပါဆိုကွာ.... မင်းတို့ကောင်တွေ.... နားဝေးလိုက်တာ''

"ငါတို့သတင်းရတာက.... တစ်ပတ်ကျော်နေပြီ.... ဒီကောင်တွေ.... ပစ္စည်းပြတ်နေပြီတဲ့.... အဲ့ပစ္စည်းမရှိဘဲ.... သူတို့လက်နက်က... အလကားပေါ့ကွ.... အလျင်တလိုပို့ပေးကိုပေးရမှာ....သေချာတယ်.... အဲ့ဒါကြောင့်.... ရထားကိုနေ့တိုင်းပိုက်စိပ်တိုက်ပြီးရှာနေတာပဲ.... မိကိုမမိသေးတာ.... ငိုးမသားလေးတွေ.... လက်တောက်လောက်ကလေးတွေနဲ့.... သိပ်စောက်မြင်ကတ်ဖို့ကောင်းတာ''

On The Side Of TruthTahanan ng mga kuwento. Tumuklas ngayon