""မင်းတို့.... တက်အုံးမလို့လား''"ဘာ....ကွ''
ရထားတွဲပေါ်တက်တော့မဲဆဲဆဲ ကျော်စိုးမိုးနဲ့ငှက်ကြီးအပြင် စက်ခေါင်းမောင်းတစ်ယောက်လဲပါလာပါတယ်။ တက်ဘုန်းလူမေးတာကြားတော့ ေကျာ်စိုးမိုးနဲ့ငှက်ကြီးက အော်ချလိုက်ပြီး အဆဲအပြည့်ထည့်ထားတဲ့အကြည့်နဲ့ ကြည့်နေကြပါတယ်။ စက်ခေါင်းမောင်းခမျာ တောင်ကြည့်မြောက်ကြည့်ကိုဖြစ်လို့။
"ဒီကောင်..... ဆေးစားမှားနေသလား..... ဟေ့ကောင်... ကျော်စိုးမိုး... မင်းကောင်ဟုတ်ကိုမဟုတ်သေးဘူး... သေချာမေးအုံး''
"အေးလေ.... တက်ဘုန်းလူ.... မင်းကလဲ....ပြောစရာကိုဖြစ်လို့''
နှစ်ကောင်သား ပြောရင်းဆိုရင်းပင် တွဲပေါ်တက်သွားကြတော့သည်။
.
.
."ဟ.... မင်းတို့တွဲမှာ.... ခုံကဒါပဲလား.... ခုံတွေဘာကိစ္စဖြုတ်ထားတာလဲ''
နှစ်ယောက်ထိုင်ခုံတန်းတစ်ခုပဲရှိတာမို့ ငှက်ကြီးက မကျေမချမ်းနဲ့ပြောတယ်။ သူတို့ထုံးစံအတိုင်း ရထားတစ်တွဲလုံးကိုလဲ 360°အကြည့်နဲ့ စက္ကန့်ပိုင်းအတွင်းကြည့်သွားသေးတယ်။ အိပ်စင်ပေါ်မှာ နိုဗာ အိပ်နေတယ်။
"မသိဘူးကွာ.... ရထားက ငါ့အပိုင်မို့လို့လား.... ချီးလိုပဲ.... လျှောက်မေးနေတယ်.... ထိုင်စရာနေရာမရှိတာသိရင်.... ပြန်တော့''
တက်ဘုန်းလူကလဲ ငှက်ကြီးနဲ့ကျော်စိုးမိုးကို ငေါက်ရင်းဟောက်ရင်း အိပ်စင်ပေါ်ကို ကဲကြည့်ရတယ်။
နိုဗာက မျက်လုံးဖွင့်ကြည့်နေပြီ။ နိုဗာ့အကြည့်တွေကလဲ တက်ဘုန်းလူဆီမှာပဲရှိတယ်။ တစ်ချက်မှ မပျက်ယွင်းသော ပုံမှန်အကြည့်လေးနဲ့။ တက်ဘုန်းလူက ခေါင်းတစ်ချက်ဆတ်ပြပြီး အေးအေးဆေးဆေးပဲဆိုတာ နိုဗာ့ကို သိစေတယ်။"ဟေ့.... ညီလေး..... အိပ်ပျော်နေတာလား''
ငှက်ကြီးက အိပ်စင်နားထိရောက်သွားပြီး မှောင်ရိပ်ထဲက နိုဗာ့ကို ပြောတယ်။
နိုဗာ အိပ်မပျော်တာကို ဒီကောင်တွေသိတယ်လေ။
အိပ်ပျော်နေလားလို့မေးတာကိုက မင်းအိပ်မပျော်ရင် ဆင်းလာခဲ့တော့လို့ ခေါ်နေတာ။ စပ်စုချင်နေတာ သိသာတယ်။ ယောကျားလား မိန်းမလားဆိုတာကိုအရင်ဆုံး သိကြပြီ။ ကျန်တာနောက်မှ ဆက်ပြီးစပ်စုမယ်ပေါ့လေ။ တက်ဘုန်းလူက မသိစေချင်လေ ဒင်းတို့ကသိချင်လေ။
ESTÁS LEYENDO
On The Side Of Truth
Historia Cortaလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...