"ခဏ... အိပ်လိုက်မယ်....နိုဗာ.... မင်းရော....အိပ်ချင်လား"
လက်ကနာရီကိုကြည့်တော့ ညဆယ်နာရီခန့်...
ရထားက အရှိန်မှန်မှန်နဲ့ခုတ်မောင်းနေဆဲ။ အိပ်မှဖြစ်အုံးမယ်။ ပင်ပန်းတဲ့ရက်တွေများလာခဲ့ပြီး ရှေဆက်ပိုပြီး ပင်ပန်းစရာတွေရှိလာနိုင်သေးတယ်။"ကိုတက်ဘုန်းလူ.... အိပ်ပါ.... ကျွန်တော်.... မအိပ်သေးဘူး"
"ဒါဆိုလဲ.... ကိုယ်ခဏလေးနားမယ်နော်.... ''
ပြောရင်းပဲ ကိုတက်ဘုန်းလူက အိပ်စင်ရှိရာကို ထသွားတယ်။ နိုဗာက ခုံလေးပေါ်မှာ တစ်ယောက်ထဲထိုင်ပြီး ကျန်နေခဲ့တယ်။
နိုဗာ အတွေးတွေကို အစကနေအဆုံးထိ ပြန်တွေးရတယ်။ မှန်ရဲ့လား.... အခုမှတွေ့တဲ့သူကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ စကားတွေပြောခဲ့မိသည်လဲမသိတော့ပါ။ သိုသော် ဘယ်လိုတွေးတွေး ယုံကြည်ကိုးစားမှုကပျောက်ပျက်မသွား...လျော့ကျမသွားပါ။
ဘာပဲဖြစ်ဖြစ်လေ နိုဗာက ဖမ်းဆီးခံရတော့မဲ့သူတစ်ယောက်ပဲ မဟုတ်လား။
ကိုတက်ဘုန်းလူစကားအရဆိုရင် သူတို့ကြိုတင်သတင်းရထားပြီးသားတဲ့လေ။နိုဗာ ဒီခရီးကို ဒီပစ္စည်းတွေနဲ့ ထွက်လာခဲ့နိုင်ဖို့ ကြားမှာကူညီသူအဆင့်ဆင့်ရှိနေတယ်။ ထိုကူညီသူတွေက ဘယ်သူတွေလဲဆိုတာတောင် နိုဗာ အကုန်သိနေတာမဟုတ်။ ကြားခံယုံကြည်ရသူတွေက စီစဥ်ပေးနေတာ။
ထိုစီစဥ်ပေးသူတွေထဲမှာ တစ်ဖက်ရန်သူအဖွဲ့အစည်းက လူတွေပါဝင်နေတယ်လို့လဲ သတင်းသဲ့သဲ့ရှိနေတာမို့ ဘယ်ကနေပေါက်ကြားလို့ သူတို့သိလေသလဲ နိုဗာ သိပ်တော့မတွေးတတ်ပါ။
ပေါက်ကြားမှုရှိနိုင်တယ်ဆိုတာကိုတော့ လက်ခံရမယ်။
ဘာကြောင့်ဆို နိုဗာ့သူငယ်ချင်းတွေဖမ်းခံနေရတာက သက်သေပဲလေ။
ဒါပေမဲ့လဲ နိုဗာတို့ဘက်မှာက အကူအညီပေးသူတွေကို လက်တွဲဖြုတ်ဖို့ဘယ်လိုမှ မဖြစ်နိုင်ပါ။ တတ်နိုင်သလောက်ယုံကြည်အားကိုးနေကြရပါတယ်။
တစ်ယောက်အားကိုးလို့ရရင် တစ်ယောက်ကိုအားကိုးနေကြရပြီး ဆယ်ယောက်အားကိုးလို့ရရင်အတိုင်းထက်အလွန်ဝမ်းသာနေကြရတဲ့ ဘဝတွေပါ။.
.
.တက်ဘုန်းလူ ခဏနားမှရတော့မှာမို့ နားရမယ်။
အိပ်စင်ပေါ်ကို ကျောဆန့်လိုက်ရင်း.... နေရာတကျရှိနေတဲ့ လက်နက်ကိုလဲ စမ်းရတယ်။
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...