part(24)Unicode

274 33 12
                                    


ရထားက ဘူတာလမ်းဆုံးမှာ ရပ်လိုက်ပါပြီ။
သီးသန့်တွဲပေါ်မှာ တက်ဘုန်းလူ ထိုင်နေမိဆဲပါပဲ။
ဒီဘူတာမှာ အစစ်အဆေးတင်းကျပ်မယ်ဆိုတာ ကြိုသိထားတာကြောင့် စိတ်အိုက်နေမိတာ။ သေချာတာကတော့ ရင်ဆိုင်ရမဲ့ပြဿနာကိုကြောက်တာမဟုတ်ဘူး။

တကယ်ဆိုရင် နိုဗာတို့ကိုကူညီသူတွေရှိသလို တက်ဘုန်းလူတို့ဘက်ကိုလဲ တိကျသေချာတဲ့သတင်းတွေပေးနေတာမို့ အထူးတာဝန်အနေနဲ့ တက်ဘုန်းလူလိုက်ပါလာခဲ့ခြင်းပါ။

ဒီရထားနဲ့ ရိက္ခာတွေရော တိုက်ခိုက်ရေးပစ္စည်းတွေရောသယ်မယ်ဆိုတာ တိကျတဲ့သတင်းရခဲ့ပြီးသားပါ။
ဘယ်လိုပုံစံသယ်မယ်ဆိုတာကိုတော့ မသိရဘူးပေါ့။

တက်ဘုန်းလူက နိုဗာနဲ့ ဒီဘူတာကနေပဲ ခပ်တည်တည်ထွက်သွားဖို့တွေးထားခဲ့တာ။ ရှေ့နှစ်ဘူတာလောက်မှာ နိုဗာ ဆင်းသွားလိမ့်မယ်လို့မထင်သလို သူ့ကြောင့်သူ့ဘက်ကိုပြောင်းလာတဲ့ တက်ဘုန်းလူကို ထားခဲ့မယ်လို့လဲမထင်မိခဲ့ဘူး။ ကိုယ့်ဘက်ကလိုက်လျောမိတာအစွမ်းကုန်ဖြစ်ခဲ့ပြီး နိုဗာ့ဘက်က မယုံကြည်တာလဲအစွမ်းကုန်ပဲဖြစ်သွားပုံရတယ်။ အခြေအနေတွေက ဆိုဝါးနေတာမို့ နို့ဗာ့လုပ်ရပ်မှန်တာကိုသိသော်လည်း လူက ရင်တွင်းခံစားချက်တွေမတည်ငြိမ်တော့ပါ။ ဒါက ဘာကိုဖော်​ပြ​နေသလဲဆိုရင် တက်ဘုန်းလူက နိုဗာ့အတွက်ပြောင်းလဲသွားတာ အရမ်းများတယ်ဆိုတာပါပဲ။

ရှေ့မှာရင်ဆိုင်ရမဲ့အကြောင်းတွေ အများကြီးရှိတာကိုသိတယ်။ ဖြေရှင်းခွင့်ရချင်မှ ရလိမ့်မယ်ဆိုတာလဲသိတယ်။ သို့သော် မိမိကိုယ်တိုင်ထက် ကိုယ့်ကိုမယုံကြည်လို့ထားခဲ့တဲ့ နိုဗာ့ကိုပဲတွေးမိနေတယ်။ ဒီ mission ပြီးလို့ နားသွားမယ်လဲမထင်ဘူး။ အမှန်တရားအတွက် ရဲရင့်တက်ကြွစွာ အန္တရာယ်တွေကိုဖြတ်သန်းနေအုံးမယ်ဆိုတာသေချာတယ်။ ကိုယ့်ကိုယ်ကိုထက် တပါးသူကိုစိတ်ပူနေတာကိုက တက်ဘုန်းလူရဲ့ ပြောင်းလဲခြင်း။
.
.
.

အရာရာကိုရင်ဆိုင်ရတော့မယ်ဆိုတာသိနေတော့လဲ ရထားပေါ်ကနေ တက်ဘုန်းလူဆင်းလာခဲ့ပါတော့တယ်။ ဘူတာရုံမှာ လူဝင်လူထွက်ရှင်းသွားပြီ။ ရထားပေါ်ကနေဆင်းလိုက်ချိန်မှာပဲ အေးစက်နေတဲ့လေထု ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်က တစ်မျိုးခံစားချက်ရစေတယ်။ ပုံမှန်အရဆို ဘူတာကဆူညံနေရမှာလေ။ ရထားဆိုက်ချိန်ဆိုတော့ ပိုပြီးဆူညံနေသင့်တာမှလား။

On The Side Of TruthWhere stories live. Discover now