"ဆရာ.... ဆရာတက်ဘုန်းလူ.... ခဏလေးလာပါအုံးတဲ့.... ဆရာကျော်စိုးမိုးခေါ်ခိုင်းလို့ပါဗျ''တက်ဘုန်းလူတို့တွဲရှိရာကို အလောတကြီးနဲ့ ရထားရဲဝန်ထမ်းကောင်လေးက အပြေးလာခေါ်တယ်။
"ဘာဖြစ်လို့လဲ....''
"ဟို.... ဟိုလေ.... ဆရာကိုယ်တိုင်ပဲ....လာပါဗျာ.... အရေးကြီးလို့....''
"ဘာကိုအရေးကြီးတာလဲလို့.... ငါမေးနေတယ်လေ''
ငါမေးနေတယ်လေ...ဆိုတဲ့စကားစုကိုခပ်ဆောင့်ဆောင့်ပြောချလိုက်တဲ့အခါ လာခေါ်သူမှာ မျက်နှာငယ်လေးနဲ့ ဖြစ်သွားရှာတယ်။
သူက သာမာန်ဝန်ထမ်းလေးဆိုတော့လဲ ထုံးစံအတိုင်းပေါ့။ တပ်သားကိုးယောက် ဗိုလ်ကိုးယောက် ကျန်တာအရစ်နဲ့ချည်းပဲဆိုတဲ့လူတွေကြားမှာ ဟိုဘက်ကအော်ရင် ဟိုဘက်ပြေးကြောက်ရပြီး ဒီဘက်ကအော်ရင် ဒီဘက်ကိုပြေးကြောက်ရပါတယ်။ မှန်တာမှားတာကို အရင်မပြောခင် အဆူအဆဲနဲ့စိတ်လက်မရှည်မှုတွေက အရင် လာတတ်တာပါ။"ဟုတ်ကဲ့.... တစ်ခုခုတွေ့လို့နဲ့တူတယ်....ဆရာ... အဲ့ဒါ...''
တက်ဘုန်းလူ တစ်ချက်တော့ ငြိမ်သွားတယ်။
"အေး.... လာမယ်လို့ပြောလိုက်''
"ဟုတ်ကဲ့....ဆရာ.... အခုလာပါနော်...''
ကြောက်အားပိုနေပေမဲ့ တက်ဘုန်းလူ ကြာနေရင် ကျော်စိုးမိုး ဆဲတာခံရမှာစိုးရိမ်တော့လဲ ပြေးရင်းနဲ့ မြန်မြန်လာခဲ့ဖို့ အော်သွားသေးတာပါ။
.
.
."ကိုတက်ဘုန်းလူ.....''
"အင်း...''
"ဘာများ.... တွေ့တာပါလိမ့်.... ''
"မသိသေးဘူးလေ.... ကိုယ်သွားကြည့်လိုက်ပါ့မယ်''
"ကျွန်တော်ရော.... ကြည့်ချင်တယ်လေ''
"ဘယ်ရမလဲကွ.... စိတ်အေးအေးထားပြီး ကျန်ခဲ့...
နိုဗာ...မင်းကိုယ့်ကို... ယုံတယ်ဆို....ဟင်''အနည်းငယ်စိတ်လှုပ်ရှားနေပုံရတဲ့ နိုဗာက တက်ဘုန်းလူကို မော့်ကြည့်တယ်။
"မင်း.... ဘာဖြစ်နေတာလဲ''
"ကျွန်တော့်အပြင်.... တခြားတစ်ယောက်ပါလာသေးရင်.... သူ...ဖမ်းမိပြီပေါ့နော်.... အဲ့လိုဖြစ်သွားပြီမှလား''
ŞİMDİ OKUDUĞUN
On The Side Of Truth
Kısa Hikayeလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...