part(23)Unicode

314 37 9
                                    


မြိုင်ဟေဝန်ကို ရောက်တော့မယ်။
မြိုင်ဟေဝန်က ဘယ်ဘူတာဆိုတာသိရဖို့ လွယ်တယ်။
နိုဗာ့ကိုညွှန်ကြားကတည်းက မြစ်ကူးတံတားကိုကျော်ပြီး ရှေ့ဘူတာက မြိင်ဟေဝန်လို့သေချာပြောပြထားပြီးသား။ တံတားကိုလှမ်းမြင်နေရပြီ။

"မျက်နှာသစ်လိုက်အုံးမယ်နော်....''

ပြောရင်း နိုဗာက ထသွားတယ်။
နိုဗာ့ကျောမှာ ကျောပိုးအိတ်ကိုလွယ်ရက်သားပဲ။ ကျောပိုးအိတ်ကို လုံးဝမချတမ်းလွယ်ထားတာ။ အထဲပစ္စည်းအလေးချိန်နဲ့ လေးနေမှာသိတယ်။ ဒါပေမဲ့ တက်ဘုန်းလူက ကျောပိုးအိတ်ခဏချထားပါလားလို့မပြောရဲဘူး။
သိတဲ့အတိုင်း နိုဗာ အထင်လွဲတာမျိုး မခံနိုင်တော့ဘူးလေ။

ခဏနေတော့ နိုဗာက ကိုယ်လက်သန့်စင်ပြီး အဝတ်အစားပါလဲကာ ပြန်ရောက်လာတယ်။ ဦးထုတ်ကတော့ ဆောင်းထားဆဲ။ ဂုတ်ပေါ်ကိုဖြန့်ချထားတဲ့ ဆံပင်ရှည်တွေမြင်ရတယ်။ ခုမှသတိထားမိတာ... နိုဗာ့ဆံပင်ကရှည်သားပဲ။ တစ်ညလုံးဆံပင်စည်းကာ ဦးထုတ်ဆောင်းထားလို့ မမြင်ရပေမဲ့ ခုမှဘာစိတ်ကူးပေါက်လို့ ဖြန့်ချလိုက်တယ်မသိ။ ဖြောင့်စင်းစင်းဆံနွယ်ညိုလေးတွေဂုတ်ပေါ်မှာ တလွင့်လွင့်။

"ခင်ဗျားရော.... အပေါ့အပါးမသွားဘူးလား.... ဆင်းရကာနီးပြီလေ.... ဟုတ်တယ်မှလား''

"အင်း.... ဟုတ်တယ်.... ဆင်းရတော့မှာ''

ရထားက အရှိန်မှန်မှန်နဲ့ဆက်လက်ခုတ်မောင်းနေဆဲ။

မြိုင်ဟေဝန်ကို ရောက်လုပြီ။
ရထားကရပ်မဲ့ပုံမရှိပေမဲ့ အရှိန်တော့ လျော့လာတယ်။
နိုဗာက ရထားအတက်အဆင်းပေါက်မှာ မတ်တပ်ရပ်နေလိုက်တယ်။
အခြေအနေပေးရင် ခုန်ဆင်းဖို့အတွက်လေ။

.
.
.

တက်ဘုန်းလူ အပြင်ကို ခပ်မြန်မြန်ပဲထွက်လာခဲ့တယ်။ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေလို့ပါ။ ဒါပေမဲ့ နိုဗာ့ကို စိတ်ချလက်ချနဲ့ နေမိပြီး ကိုယ်တိုင်လဲအဝတ်လဲလှယ်ဝတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ အင်္ကျီလဲနေမိတာကြောင့် မဆိုသလောက်လေး ကြာသွားမိတယ်။

ထင်တဲ့အတိုင်းပါပဲ.... တွဲပေါ်မှာ နိုဗာမရှိတော့ဘူး။

ရထားက အရှိန်တောင်ပြန်တင်နေလေပြီ။

On The Side Of TruthDonde viven las historias. Descúbrelo ahora