part(16)Unicode

281 40 2
                                    


"ကို....တက်....ဘုန်း....လူ..."

နိုဗာက တက်ဘုန်းလူရဲ့လက်ထဲမှာ ဖရိုဖရဲနဲ့ပါလာပါတယ်။ လန့်ပြီး အော်တဲ့အသံလေးနဲ့ အောက်ကိုရောက်လာတယ်။

လူချင်းထိကပ်လုနီးပါးထိ တက်ဘုန်းလူက ဆွဲချလိုက်တာပါ။

"နိုဗာ.... နိုဗာ.... မင်း... အရမ်းကို.... အန္တရာယ်များတာပါလား"

နိုဗာ့မျက်မှာကိုစေ့စေ့ကြည့်ကာ တက်ဘုန်းလူပြောမိတယ်။ ဘာကြောင့်စိတ်လှုပ်ရှားနေတာလဲ သေသေချာချာတော့ မသိသေးဘူး။ တက်ဘုန်းလူရဲ့ဘဝမှာ နိုဗာနဲ့တွေ့မှ ကိုယ့်ကိုကိုယ်နားမလည်နိုင်တာတွေများလာတာကို သတိထားမိရုံလေးပါပဲ။
အခုက တက်ဘုန်းလူ ဘာများဖြစ်တာပါလိမ့်။
အဲ့ဒါကိုအဖြေမသိရသေးခင် နိုဗာ့ကို အခုထက်ပိုပြီးနားလည်ချင်တယ်။

"တကယ်.... မယုံတာလား..."

"ဟင်...."

နိုဗာ့က တက်ဘုန်းလူရဲ့မေးခွန်းကြောင့် မော့်ကြည့်လိုက်တဲ့အခါ အရမ်းကိုနီးကပ်သွားတဲ့မျက်နှာ နှစ်ခု....
နိုဗာက ချက်ချင်းပဲ ခေါင်းကိုငုံ့ချပစ်ဖို့ကြိုးစားတယ်။
တက်ဘုန်းလူကလဲ နိုဗာ့မေး​စေ့ကိုလက်နဲ့ပင့်မော့်ပစ်လိုက်တယ်။ အငေးသားနဲ့ တက်ဘုန်းလူကိုမော့်ကြည့်နေတဲ့ နိုဗာ့မျက်ဝန်းနက်နက်ကလေးတွေ....
ရှက်သွားသလိုလိုထင်ရတဲ့အခါ နိုဗာက နုငယ်ပြီးချစ်စရာကောင်းလိုက်တာ။

တက်ဘုန်းလူရောနိုဗာရော စက္ကန့်ပိုင်းလောက်ငြိမ်ကျသွားပြီး... ခဏအကြာမှာ....နှစ်ယောက်လုံး...လန့်သွားကြတယ်။ ဝုန်းဒိုင်းကြဲသွားတဲ့ ရင်ဘတ်ထဲကအသံတွေက နှစ်ယောက်လုံးမှာ တပြိုင်နက်ဖြစ်ပေါ်သွားပြီး လက်ရှိအခြေအနေကိုသုံးသပ်မိတဲ့အခါ.....

"ခဏ.... ခဏလေး... ဖယ်ပါ"

နိုဗာ့ခါးပေါ်က တက်ဘုန်းလူရဲ့လက်တွေကို နိုဗာ့ကဆွဲဖယ်တယ်။ မျက်နှာကိုလွှဲကာ တုန်ရီနေတဲ့အသံနဲ့ ပြောနေတယ်။

"ပြော.... ဘာလို့မယုံတာလဲ.... ကိုယ်ကဖြင့်....မင်းကို... ယုံရတယ်လေ"

တက်ဘုန်းလူကလဲ ဇွတ်.... ဘာကြောင့်များ ပိုင်စိုးပိုင်နင်းလုပ်မိတာပါလိမ့်။
နိုဗာက အခုမှတွေ့တဲ့လူ.... ပြီးတော့.... ဆန့်ကျင်ဘက်က လူ။
သြော်....ခုတော့ ဆန့်ကျင်ဘက်ကနေ တစ်ဖက်ထဲဖြစ်သွားတဲ့လူ။

On The Side Of TruthHikayelerin yaşadığı yer. Şimdi keşfedin