"ကိုတက်ဘုန်းလူ.....''"နိုဗာ.... ဘာဖြစ်လို့လဲ...''
"အား.... ကိုတက်ဘုန်းလူ.... ကိုတက်ဘုန်းလူ''
"နိုဗာ.... နိုဗာ... ဘာဖြစ်တာလဲ.... ဘာဖြစ်တာလဲ''
နိုဗာက ကြောက်မက်ဖွယ်အိမ်မက်ကြောက့်လန့်နိုးလာပါသည်။ ဘေးက ကိုစစ်နိုင်ကလဲအတင်းလှုပ်နှိုးသည်။
အိမ်မက်..... ကမ်းပါးစွန်းတစ်ခုမှာရပ်နေတဲ့သူ့ကိုတွေ့တယ်။ သူ့မျက်လုံးအကြည့်တွေက နေ့တိုင်းခြောက်လှန့်နေတာမို့ အိမ်မက်မက်သည်အထိလူကိုစိုးမိုးနေပြီ။ ဆွေးဆွေးငေးငေးနဲ့တောင်းပန်သလိုအကြည့်... ကူကယ်ရာမဲ့နေတဲ့ထိုအကြည့်ကို နိုဗာသိသည်။ ရထားပေါ်မှာ နိုဗာနဲ့အတူတူလိုက်ခဲ့မယ်လို့ဆုံးဖြတ်ပြီး သူ့ကိုနိုဗာက မယုံကြည်သလိုပြောမိဆက်ဆံမိရင်ကြည့်တဲ့အကြည့်တွေ။
"မင်း.... ဘာဖြစ်တာလဲ...နိုဗာ.... ရော့....ရေသောက်လိုက်အုံး''
"ဟုတ်.... ကျေးဇူးပါ''
ရေလေးတစ်ငုံကို အာစွတ်ရုံသောက်လိုက်သည်။
ပူပြင်းခြောက်သွေ့တဲ့နေရာဒေသမှာ သောက်ရေကရှားလွန်းတာကြောင့် ရေရဖို့နေရာတွေဝေးလွန်းတာကြောင့် ရှိတဲ့ရေကိုဖြုန်းတီးဖို့မတွေးရဲ။ ကိုယ့်အတွက် နည်းနည်းသောက်လိုက်ပြီး ပိုတာကိုပြန်ပေးလိုက်တယ်။"ကုန်အောင်သောက်လေကွာ...မင်းမောနေသေးတာရော''
စစ်နိုင်က သက်ပြင်းချကာ နိုဗာ့ကိုကြည့်မိတယ်။
မြိုင်ဟေဝန်မှာတာဝန်ပြီးဆုံးသွားပြီး နောက်ထပ်mission တစ်ခုစောင့်နေရင်း နိုဗာက တောထဲကိုလိုက်ပါခွင့်တောင်းသည်။ စစ်နိုင်သွားသည့် ရှေ့တန်းထိ နိုဗာလိုက်ပါလာခဲ့သည်။ ရှေ့တန်းမှာက အန္တရာယ်များလွန်းသည်... မလိုက်နဲ့ပြောပေမဲ့မရ။အမှန်အတိုင်းပြောရရင် မတရားမှုတွေကိုတော်လှန်ဖီဆန်လိုသည့်စိတ်ဓာတ်ကြောင့်သာ စုစည်းမိကြတာ။ နိုဗာတို့လူငယ်တွေအားလုံးသည် ကိုယ်ပိုင်ဘဝတွေမှာ ပင်ပန်းဆင်းရဲခံနိုင်သူတွေမဟုတ်ခဲ့ကြ။ လက်နက်ကိုင်တော်လှန်ရတော့မှသာ ပင်ပန်းဆင်းရဲခြင်းတွေကို နဖူးတွေ့ဒူးတွေ့သိကြရသူတွေသာဖြစ်သည်။ ပိုဆိုးသည်က ထောက်ပို့တွေကိုသင်ကြားပေးသည့်ပညာနှင့် တိုက်ခိုက်ရေးသမားတွေကိုသင်ကြားပေးသည့်ပညာတွေကမတူကြ။ ဒီတိုက်ပွဲကိုစတင်ပါပြီဆိုကတည်းက ကိုယ်အားသန်ရာကိစ္စတွေကိုသင်ယူခဲ့ကြရခြင်းဖြစ်သည်။
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...