"ကိုယ်တို့က.... တာဝန်ကို... လျစ်လျူရှုလို့မရတဲ့လူတွေ""အင်း...."
"သူများတကာ...အလုပ်တွေလို...ပိတ်ရက်...နားရက်ဆိုတာလဲ.... ရှားတယ်"
"အင်း...."
"လူလွတ်ဆိုတော့.... ပိုဆိုးသေးတယ်... ''
"ကြော်ငြါမဝင်လဲ.... သိတယ်လို့"
"အဟင်း.... ပြောပြတာပါ"
"အင်း...."
"အခုအခြေအနေတွေက... အရမ်းဆိုးနေတော့ကွာ.... သိလား.... တစ်ရက်မှမနားရဘူး"
အခြေအနေဆိုးသတဲ့လား...နိုဗာတိတ်ဆိတ်စွာတွေးနေမိတယ်။
"အင်း...''
"တာဝန်တစ်ခုနဲ့တစ်ခုက... ဆက်နေတာပဲကွာ.... အားးးးလုံးဝမနားရသလောက်ပဲ''
ပြောနေရင်မှာပဲ ခြေထောက်ရှည်တွေကိုထပ်ပြီးဆန့်လိုက်တဲ့အခါ တက်ဘုန်းလူရဲ့ခန္ဓာကိုယ်က ပိုပြီးလျောကျလာပါတယ်။နိုဗာကအသက်ကိုဖွဖွရှုရင်း ကိုယ်လေးကိုကျုံ့လို့ပဲ။
"ဟိုရက်ကပဲ.... တာဝန်တစ်ခုကို.... ကိုယ့်နယ်မဟုတ်ဘဲ....သွားခဲ့ရသေးတယ်"
"အဲ့လို....ရလို့လား"
"ဘာကို.... ဘာမေးတာလဲ"
"သြော်... ကိုယ်တာဝန်ကျတဲ့နေရာမဟုတ်ဘဲ.... လျှောက်သွားပြီးလုပ်လဲ....ရတယ်လားလို့"
"ပုံမှန်ဆို...ဘယ်ရမလဲ...အခုက...သူ့နယ်မြေကလူကိုယ်တိုင်လုပ်လို့မရတာတွေ....အများကြီးလေကွာ... မင်း.... သဘောပေါက်အောင်...ပြောပြရရင်...."
နိုဗာ့က ပုခုံးနားကမျက်နှာကို တစ်ချက်တော့ငဲ့ကြည့်မိတယ်။ သူက စကားကိုဆက်မပြောသေးဘဲ မှုန်ကုတ်ကုတ်မျက်နှာထားနဲ့ ရှေ့တူရူကိုစိုက်ကြည့်နေတယ်။ နိုဗာက သူ့ဆီကသတင်းစကားတစ်ခုကြားရမယ်ထင်ပြီး ရင်ခုန် စိတ်လှုပ်ရှားစွာ.....
ဘာပဲဖြစ်ဖြစ်လေ.... တစ်ဖက်ရဲ့ ဗျူဟာတွေကိုသိခွင့်ရတာလဲ ဘုရားပေးတဲ့ဆုပါပဲ။.
.
.တက်ဘုန်းလူ စိတ်က လေးလံလာတယ်။
ဒါမျိုးကို တက်ဘုန်းလူ မလုပ်တတ်။
မလုပ်တတ်တာမှ တစ်ဖွဲ့တည်းသားချင်းတွေကိုတောင် အရေးကြီးကိစ္စတွေမှာ ထုတ်ပြောတတ်တဲ့သူ မဟုတ်။
Mission တွေကို စုပေါင်းလုပ်ရတဲ့အခါမှာသာ အစည်းအဝေးခန်းထဲမှာ သူလဲကြား ကိုယ်လဲကြားအကြောင်းတွေပဲသိချင်သိရမယ်။ တစ်ကိုယ်တည်းလုပ်ဆောင်မှုတွေကိုတော့ ဘယ်သောအခါမှာ ဘယ်သူ့ကိုမှ ပေးမသိခဲ့။
နိုဗာ့ကို ဘာကြောင့်ပြောပြချင်နေလဲမသိဘူး။
တက်ဘုန်းလူရဲ့စိတ်ထင် နိုဗာဟာ ကိုယ်တာဝန်ယူဖြေရှင်းရမဲ့ အကြောင်းရင်းလို့သိသွားတာကြောင့်များလား။
နိုဗာ့ကို နှမြောနေတာလား။
နိုဗာ ထိခိုက်မှာကို မလိုလားတော့တာလား။
ကိုယ်တိုင်ကရော ဘယ်အချက်တွေနဲ့ နိုဗာ့ကိုယုံကြည်ခဲ့တာလဲ။
သေချာတာကတော့ ဘဝမှာ တစ်ခါသာဖြစ်ပေါ်လာသော တွေဝေခြင်းကို တက်ဘုန်းလူ စတင်ခံစားနေရပါပြီ။ ဒါကပဲ တက်ဘုန်းလူကို စိတ်ပင်ပန်းနေစေတာပါ။
ŞİMDİ OKUDUĞUN
On The Side Of Truth
Kısa Hikayeလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...