part(5) Unicode

359 44 4
                                    

"နိုဗာ...."

"ဗျာ...."

မျက်လုံးတွေကို သူ အကြာကြီးမှိတ်ထားတယ်။

ဘေးကပ်ရက်မှာ ခြေတွေကိုဆန့်ထားပြီး ခုံကိုခပ်လျောလျောမှီကာ လက်ပိုက်ပြီးမျက်လုံးစုံမှိတ်ထားသူကို တစ်ချက်ပဲကြည့်ပြီး Nova ကပြတင်းအပြင်ကအမှောင်ထုကိုငေးရင်း လိုက်ပါလာခဲ့တာ။
ရုတ်တရက်သူကခေါ်တော့ လန့်သွားတာပေါ့။

"Sorry.... မင်းလန့်သွားတာလား"

ဖြတ်ကနဲပွင့်လာတဲ့ မျက်လုံးတွေ...
Nova ဘက်ကိုလှည့်ကြည့်တယ်။

"မလန့်ပါဘူး.... ဘာပြောမလို့လဲ.... ကိုတက်ဘုန်းလူ"

ခပ်အေးအေးပဲ Nova ကပြန်ပြောလိုက်တယ်။
ဘာပဲဖြစ်ဖြစ် အထူးလေ့ကျင့်ထားတာမဟုတ်ပေမဲ့ ဒီလောကဓံက Nova တို့ကို သင်ကြားပေးတာတွေများခဲ့ပါပြီ။ ကိုယ်လုပ်နေရတဲ့အလုပ်ကို ပြီးမြောက်အောင်မြင်ဖို့ လိမ်ဆိုလဲလိမ်ရတယ်... ညာဆိုလဲညာရတယ်.... မှင်သေသေနဲ့ အားလုံးကို လုပ်ဆောင်တတ်နေပါပြီ။

"ဘယ်ထိသွားရမှာလဲ..."

"ဘူတာလမ်းဆုံးထိပါ....."

တကယ်တော့ Nova သွားရမှာက ဘူတာလမ်းဆုံးခင် နှစ်ဘူတာအလိုက ရွာလေးမို့ အနီးဆုံးဘူတာက မြိုင်ဟေဝန်ဆိုတဲ့ဘူတာပါ။ အဲ့ဒီကနေ လမ်းလျှောက်ရမယ်ထင်တယ်။ မြိုင်ဟေဝန်ရွာထဲရောက်ရင်တော့ Nova တာဝန်ပြီးပါပြီ။

"သြော်.... လမ်းဆုံးထိလား.... ကိုယ်ရောပဲ...အဲ့ထိသွားမှာ"

"အင်း...."

Nova ရဲ့ စကားသံလဲဆုံးရော သူ့ဘက်ကစကားပြန်မလာတော့ပါဘူး။ တိတ်ဆိတ်သွားပြန်ပါတယ်။

.
.
.

တက်ဘုန်းလူ တဂျုန်းဂျုန်းတဂျက်ဂျက်ရထားပေါ်မှာ ထိုင်နေရင်း အတွေးတွေကိုဖြန့်ကျက်ပြီး လွှင့်မိတယ်။

အရေးကြီးတဲ့တာဝန်တစ်ခုက တိုက်ပွဲဖြစ်နေတဲ့နေရာကို လက်နက်သယ်ပေးတဲ့ထောက်ပို့တွေကို ဖမ်းဆီးပေးဖို့ပါပဲ။

တကယ်ဆို တက်ဘုန်းလူက တာဝန်တစ်ခုထမ်းဆောင်ပြီး နောက်တန်းကိုပြန်လာတဲ့သူပါ။ ဒီ mission မှာ အဓိကတာဝန်ထမ်းဆောင်ရမဲ့သူ မဟုတ်ပါဘူး။

On The Side Of TruthDonde viven las historias. Descúbrelo ahora