နိုဗာ တစ်ကိုယ်ရေသန့်ရှင်းရေးကို ခပ်သွက်သွက်လုပ်ဆောင်ပြီးချိန်မှာ တက်ဘုန်းလူက ခုံအောက်ကအထုတ်ကိုဆွဲထုတ်ပြီး ကြည့်နေပြီ။
အထုတ်ကတော်တော်လေး ကြီးတယ်။ ဒါကို နိုဗာဘယ်လိုများသယ်လာတယ်မသိဘူး။"တော်တော်လေးတယ်.... နိုဗာ.... မင်း.... ဒါကြီးကို... ရထားပေါ်ရောက်အောင်သယ်လာနိုင်တယ်.... "
အနားရောက်လာတဲ့ နိုဗာက တက်ဘုန်းလူဘေးမှာ ကပ်ကာထိုင်ချလိုက်တယ်။ သူတို့နှစ်ဦးသား ရထားကြမ်းပြင်ပေါ်မှာ ထိုင်မိနေတာကြောင့် ခုန်လွန်းတဲ့ ရထားနဲ့ အဆင်မပြေကြ။
နိုဗာက ပိုဆိုးသေးတယ်။ ဖင်ချထိုင်လိုက်ရင်း ရထားကဆောင့်ရင်းနဲ့ဖြစ်နေတော့ ကြမ်းပြင်ကိုဖင်ချထိုင်လို့မရဘဲ ဆောင့်ကြောင့်ထိုင်နေရတယ်။
ပြီးတော့ ယိမ်းထိုးနေတာမို့ တက်ဘုန်းလူရဲ့ပုခုံးကို လက်တွေက ကိုင်ထားရသေးတယ်။
သို့သော် နိုဗာ့ဖြစ်ပျက်နေတာတွေကို တက်ဘုန်းလူ မမြင်တော့ပါ။
သူ့စိတ်အာရုံသည် နိုဗာ့အထုတ်မှာသာရှိတော့သည်။"အဲ့ဒါကလေ..... ကိုတက်ဘုန်းလူ.... ကျွန်တော့်ကို.... ပစ္စည်းပို့ပေးတဲ့လူက....သပ်သပ်ရှိတယ်.... ကိုတက်ဘုန်းလူ... တက်လာတဲ့ဘူတာရောက်မှ... ပစ္စည်းကရတာ"
"ဟုတ်လား.... မင်းတို့လဲ... မဆိုးဘူး.... လှည့်တတ်သားပဲ"
"မလှည့်တတ်လို့ရမလားဗျ.... သူသေကိုယ်သေ.... လုပ်နေရတာကို"
"မင်းကရော.... နိုဗာ.... မင်းရထားထွက်တဲ့ဘူတာအစကတည်းက... တက်လာတာလား.... "
"မဟုတ်ဘူး..... သီးသန့်တွဲကို...ဝယ်ပေးတဲ့တစ်ယောက်ရှိတယ်လေ.... စီးပွားရေးသမားပါပဲ... သူကနည်းနည်းတော့.... ပိုင်ရာဆိုင်ရာရှိတယ်.... သူ့ကသူ့လူတစ်ယောက်ကို... အရင်....ရထားနဲ့လာခိုင်းလိုက်တာ.... လမ်းတစ်ဝက်ရောက်မှ.... ကျွန်တော်ပြောင်းစီးလိုက်တာ''
"သြော်.... ဒါကြောင့်ပေါ့.... သတင်းကရပြီး.... ရှာလို့မတွေ့သေးတာ.... မင်းတို့လှည့်နေလို့ပေါ့.... ကိုယ့်မှာ.... တာဝန်တစ်ခုပြီးတာနဲ့.... မနားရဘဲ....နောက်တစ်ခု... ထပ်လုပ်ရတာ"
"အင်း.... အဲ့လိုမလုပ်ရင်.... မိမှာပဲလေ.... ဘယ်လောက်ပဲ ...သိုသိုသိပ်သိပ်လုပ်နေလဲ.... သတင်းက... ပေါက်တယ်.... တွေးကြည့်ရင်ဝမ်းနည်းစရာကြီး"
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...