part(6)Unicode

332 39 4
                                    

အတွေးကိုယ်စီနဲ့ ခဏတိတ်ဆိတ်သွားမိကြပြီး ခဏအကြာမှာ တရိပ်ရိပ်ပြေးနေတဲ့ရထားကအရှိန်နည်းနည်းကျလာတယ်။

ရွှေဝတ်မှုန်အကျော် ငါးရွာမြောက်ကိုရောက်ပြီ။
ဒီရွာမှာခဏပဲရပ်မှာပါ။ ဘူတာအသေးတစ်ခုပဲဖြစ်ပြီး ရွာထဲကနေထွက်ရောင်းတဲ့ ထမင်းထုပ်ကနာမည်ကြီးတာမို့ ရထားစီးခရီးသည်တွေဟာ ညစာကို ဒီရွာကထမင်းထုပ်ပဲ ဝယ်စားတတ်ကြပါတယ်။
ရွှေဝတ်မှုန်ဘူတာမှာ စားတတ်တဲ့သူတွေရှိပေမဲ့ ဒီရွာလေးက နာမည်ကျော်ထမင်းထုပ်ကိုဝယ်စားကြတဲ့သူတွေက ပိုများပါတယ်။

Nova က ပြတင်းတံခါးကိုဖွင့်လိုက်တယ်။
ဝါကျင့်ကျင့်မီးရောင်နဲ့ ဘူတာကို လှမ်းမြင်​နေရတယ်။
ဘူတာရုံထဲက လှုပ်လှုပ်ရွရွနဲ့ ညခရီးသည်တွေကိုလဲ လှမ်းတွေ့တယ်။ မီးရောင်လေးတွေလက်နေတဲ့ကြားမှာ ထမင်းထုပ်သည်လေးတွေကိုလဲ မြင်ရတယ်။
ခေါင်းပေါ်မှာ ရွက်ထားတဲ့သစ်သားဗန်းလေးတွေထဲမှာ ဖယောင်းတိုင်လေးတွေထွန်းညှိထားတာမို့ ဖက်ထမင်းထုပ်လေးတွေကိုလဲ မြင်နေရပါတယ်။ သူတို့က ထမင်းထုပ်တွေကိုဗန်းနဲ့ထည့် ခေါင်းပေါ်ရွက်ပြီး ရထားအလာကိုစောင့်ကြတယ်။ ထမင်းထုပ်ဗန်းထဲမှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးလေးတွေကြောင့် အဝေးကကြည့်ရင် တမျိုးလှနေတယ်။

.
.
.

"ညစာ.... ထမင်းထုပ်ပဲ... စားမှာလား..."

တက်ဘုန်းလူက Nova ကိုမေးတယ်။

"ဟုတ်တယ်ဗျ.... ထမင်းထုပ်ဝယ်စားမှာ"

ခပ်ဖြေးဖြေးအေးအေးနဲ့ တည်တည်ငြိမ်ငြိမ်ပြန်ပြောတဲ့ Nova ကို တက်ဘုန်းလူ ငေးနေမိတယ်။
တက်ဘုန်းလူဆိုတာ လူကဲခတ်ရာမှာ တစ်ဖက်ကမ်းခတ်မျှကျွမ်းကျင်သူပါ။ တက်ဘုန်းလူ စစ်မေးလာသမျှသော အမှုကိစ္စများက လွယ်လွယ်ကူကူပေါ်ပေါက်ခဲ့တာချည်းသာ။
အခုတော့ တည်ငြိမ်ပြလိုက် လန့်ပြလိုက်ဖြစ်နေတဲ့ Nova ကြောင့် တက်ဘုန်းလူမှာ တစ်ခါမှမဖြစ်ဖူးတဲ့ ခံစားချက်တွေဖြစ်လာတယ်။

သူ့ကို တက်ဘုန်းလူမေးခွန်းမေးရင် အေးဆေးတည်ငြိမ်စွာပြန်ဖြေတတ်ပါတယ်။
သို့သော်.... သူ့လက်တွေက... တစ်ချက်တစ်ချက် အချင်းချင်း ဆုပ်ချေနေတတ်တယ်။ သူ့ခြေထောက်တွေကိုလဲ ကြာကြာငြိမ်မထားဘူး။ တလှုပ်လှုပ်လုပ်နေတာ​တော့ မဟုတ်ဘူး။ ခဏနေရင် ခြေချိတ်ထိုင်တယ်။ နောက်ခဏနေရင် ခြေတွေကိုဆန့်လိုက်တယ်။ နောက်ထပ်ခဏအကြာမှာ ခုံအောက်ကိုဒူးကွေးပြီး သွင်းထိုင်လိုက်ပြန်တယ်။
ဒါက... စိတ်လှုပ်ရှားရင် သို့မဟုတ် တွေးစရာများနေရင် လုပ်တတ်တဲ့အကျင့်တွေ။ လူကသတိမထားမိခင် ခန္ဓာကိုယ်က အလိုလိုပြတတ်တဲ့ အပြုအမူတွေ။ တစ်ချက်တစ်ချက် သူ့နှုတ်ခမ်းတွေကိုဖိကိုက်ထားတတ်သေးတာလဲတွေ့တယ်။

On The Side Of TruthWhere stories live. Discover now