"တစ်ရက်တော့.... ရွာမှာပဲ...နားကြရအောင်.... ဒီမှာဆေးလေးဘာလေးလဲသေချာ...ထည့်ရအောင်... နော်... ဒီမှာက... ဒဏ်ရာရလို့နားရင်အဆင်ပြေတယ်... ရွာကလဲစောင့်ရှောက်ကြတယ်''
တက်ဘုန်းလူရဲ့ဒဏ်ရာတွေက ထင်တာထက်ပိုများတယ်။ မျက်နှာပေါ်က ဒဏ်ရာတွေထက်အဝတ်ချွတ်လိုက်တော့မှပိုပြီးမြင်မကောင်းတဲ့ဒဏ်ရာတွေတွေ့ရတယ်။ နိုဗာမျက်နှာပျက်မိတာတော့ ဝန်ခံပါတယ်။ ဒီလိုအနာခံပြီး နိုဗာတို့ယုံကြည်အောင်လုပ်တာလား.... နိုဗာတို့ကိုနည်းမျိုးစုံနဲ့ချဥ်းကပ်တာလား.... ပြီးရင် နိုဗာတို့တစ်ဖွဲ့သားလုံးကို သတင်းပေးတော့မှာလားဆိုတာတွေ မတွေးနိုင်တော့ဘူး။ ကိုတက်ဘုန်းလူ နိုဗာ့ကိုမရက်စက်နိုင်ဘူးဆိုတာ နိုဗာသိတယ်။ ဘယ်လိုသိလဲဆိုတာ နိုဗာလဲမသေချာဘူးဆိုပေမဲ့ စိတ်ထဲမှာခံစားချက်တွေကစုပြုံတိုးဝင်လာသလိုမျိုးကြီး။ နက်နက်နဲနဲခံစားချက်တွေလို့ပြောရမလားပဲ။
နိုဗာ့စိတ်ထဲမှာ ရန်သူကိုရန်သူလို့သဘောထားပြီးရင်ဆိုင်လာခဲ့တာကြာပြီ။ နိုဗာက နှလုံးသားထဲအထိဆတ်ဆတ်ခါအောင်နာလို့ အသက်ပေးထားတဲ့သူလေ။ သူသေကိုယ်သေ အဆုံးထိကျရာနေရာမှာဝင်ပြီးတိုက်မယ်လို့ ဆုံးဖြတ်ချက်ခိုင်မာပြီးသား။
အခုမှ..... ခက်တော့တာပါပဲ။ ရှေ့ကဒဏ်ရာတွေနဲ့လူက နိုဗာ့ကို ထူးဆန်းတဲ့ခံစားချက်တွေခံစားရစေတယ်။ ကဲ..... အခုတော့ရှိစေဦး.... ဒီဒဏ်ရာတွေပျောက်မှ သေသေချာချာအစီအစဥ်ချတော့မယ်။ အခုက သူ့ဒဏ်ရာတွေသက်သာစေဖို့အရေးကြီးတယ်။
ကိုစစ်နိုင်ကတော့ တက်ဘုန်းလူကိုအရမ်းမယုံရဲသေးဘူးလို့ပြောတယ်။ ဒါပေမဲ့ကိုတက်ဘုန်းလူကိုဦးဆောင်ပြီးကယ်တင်ခဲ့တာလဲ ကိုစစ်နိုင်ပဲလေ။ကိုတက်ဘုန်းလူနဲ့ကိုစစ်နိုင်တို့ တာဝန်ထမ်းဆောင်ကြတဲ့ဌာနမတူကြပေမဲ့ တစ်ယောက်သတင်းတစ်ယောက်ကြားဖူးကြ သိဖူးကြပါတယ်။ ကိုတက်ဘုန်းလူက အရမ်းသတင်းကြီးပြီး တော်သောထက်သောလူတစ်ယောက်ဖြစ်တယ်လို့ ကိုစစ်နိုင်ကပြောပါတယ်။ လူကောင်းတစ်ယောက်ဖြစ်ပြီး သတ္တိလဲရှိတယ်တဲ့။ ဒါတော့ နိုဗာလဲသိပါသည်။
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...