ရထားသည် ဆက်လက်ထွက်ခွာလာခဲ့ပြီဖြစ်သည်။ရထားပြတင်းကတဆင့် အပြင်ကိုငေးရင်း နိုဗာလိုက်ပါလာတယ်။ သူ့ဘေးမှာ တက်ဘုန်းလူက နိုဗာ့ကိုငေးရင်းလိုက်ပါလာပါတယ်။ နိုဗာလဲ အတွေးပေါင်းစုံနဲ့စိတ်ရှုပ်ထွေးနေသလို တက်ဘုန်းလူသည်လဲ နိုဗာကောက်တေးတာကို ခံနေရပါတယ်။
ဖြစ်ပုံက..... ဒီလို.....
.
."တကယ်ကြီး.... အဲ့လိုပြောလိုက်တာလား''
"ဒါပေါ့.... အဲ့လိုပြောလို့ပဲ.... မင်းသက်သာသွားလေ''
"အဓိပ္ပါယ်မရှိတာ.... ပေါက်ကရပြောတာကို....အဲ့လူတွေက.... ယုံတာပဲလား''
"ဟော.... ယုံပါတယ်ဆို.... မင်းမတွေ့ဘူးလား.... သူတို့မျက်နှာတွေကို''
ဖက်ရွက်နဲ့ထုတ်ထားတဲ့ ကောက်ညှင်းပေါင်းကိုဖက်ရွက်မဖြည်ခင်မှာ ပဲပြုတ်နဲ့ကောက်ညှင်းပေါင်းစေးသွားအောင် လက်နဲ့ဖိကာအလုံးလေး လုပ်လိုက်တယ်။
ပြီးမှ ဖြည်ချလိုက်တယ်.... ဖက်ရွက်နံ့သင်းနေတဲ့ ကောက်ညှင်းပေါင်းက ပူနေတုန်းလေးဆိုတော့ စားချင်စဖွယ်။"အစားကိုအရင်စားလိုက်အုံး..... ရော့.... ပြီးမှဆူ''
မျက်စောင်းအရင်ထိုးတယ်။
"ရှက်ဖို့ကောင်းတယ်....ခင်ဗျားမှာ....မိန်းမငုတ်တုတ်နဲ့ဟာကို.... ကျွန်တော့်ကိုဆွဲထည့်တော့.... ကျွန်တော်ဘာဖြစ်ရောလဲ.... ဒါကြောင့်... အဲ့လူတွေရုပ်က... စပ်ဖြဲဖြဲဖြစ်နေတာ..... ကြည့်မရပါဘူးဆိုမှ.... အန်ပါအန်ချင်လာပြီ.... ''
"ဟေ့.... ကိုယ့်မှာ.... မိန်းမ... မရှိပါဘူးကွာ... မင်းကလဲ''
"တူတူပါပဲ.... မသိတာကျလို့''
တက်ဘုန်းလူ ဘာဆက်ပြောရမယ်တောင်မသိတော့။
နိုဗာကတော့ ဟန်ဆောင်စိတ်ဆိုးတာမဟုတ်ဘဲ တကယ် စိတ်ဆိုးနေတာသိသာတယ်။ နိုဗာ စိတ်ဆိုးသွားမှပဲ ကိုယ်ပြောမိတာ မှားသွားလားလို့ပြန်တွေးနေမိရတယ်။"ကိုယ်က.... တမင်အဲ့လိုပြောတာမဟုတ်ပါဘူးကွာ.... မင်းအတွက်... အန္တရာယ် အကင်းဆုံးလို့ယူဆပြီး.... ပြောလိုက်တာပါ.... မင်းအဲ့လိုစိတ်ဆိုးတော့.... ဘာပြောရမှန်းတောင်မသိဘူး.... တောင်းပန်ရမလား....ချော့ရမလားပဲ''
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...