တကယ်တော့.... နိုဗာ ပင်ပန်းလှပြီ။ ဖြစ်ပျက်နေတဲ့လက်ရှိအခြေအနေတွေက နိုဗာ့ကို နာကျင်စေတယ်... ဝမ်းနည်းစေတယ်...ဒါ့အပြင် နောက်မဆုတ်ဖို့တွန်းအားတွေလဲ ဖြစ်နေပြန်တယ်။
Mission ပေါင်းများစွာကို နိုဗာနဲ့သူငယ်ချင်းတွေအတူတူ လုပ်ဆောင်ခဲ့ကြတယ်။
နိုဗာတို့က အောက်ဘက်နယ်စပ်မှာလှုပ်ရှားကြရတဲ့အဖွဲ့။
တိုက်ရေးခိုက်ရေးတွေမဟုတ်ဘဲ ရိက္ခာရှာဖွေပို့ဆောင်ပေးရတဲ့အဖွဲ့ပါ။
အန္တရာယ်အများဆုံးအဖွဲ့ဆိုရင်လဲ မမှားဘူး။
မြို့ပေါ်တွေမှာ လှုပ်ရှားရတာလဲရှိတာမို့ အရမ်းကိုအန္တရာယ်များပါတယ်။ဒီခရီးက တကယ်ဆို နိုဗာတစ်ယောက်ထဲ ထမ်းဆောင်ရမှာမျိုး မဟုတ်ဘူး။ သို့သော် ထောက်ပို့တစ်ဖွဲ့လုံးနီးပါး ဖမ်းဆီးခံကြရတာကြောင့် လွတ်မြောက်သွားတဲ့ နိုဗာက တစ်ယောက်ထဲဆက်ပြီး လုပ်ဆောင်ရဖို့ဖြစ်လာခဲ့တယ်။ ပြီးတော့ ဒီတာဝန်ဟာ နိုဗာ လုပ်ဆောင်ခဲ့သမျှထဲမှာ အရေးကြီးဆုံးတာဝန်လဲ ဖြစ်တယ်။
တစ်ယောက်ထဲဒီခရီးကိုထွက်လာရတဲ့အခါ နိုဗာကြောက်စိတ်နည်းနည်းဝင်တယ်။ သေမှာကိုကြောက်တာမဟုတ်ပါဘူး။ ပစ္စည်းတွေကို လိုအပ်နေသူတွေဆီကို မပို့နိုင်ဘဲ လမ်းတစ်ဝက်မှာ ဖမ်းခံရမှာကိုကြောက်တာပါ။ ဒီလမ်းကိုရွေးချယ်ကတည်းက သေဖို့နီးတယ်ဆိုတာ နိုဗာ သိထားပြီးသားပါ။ တာဝန်မကျေမှာနဲ့ လိုအပ်သူတွေကို ပစ္စည်းအချိန်မှီမပို့နိုင်မှာကို သေမှာထက်ကြောက်ပါတယ်။
ဒါ မှန်သောစကားပါ။ဒါကြောင့် ပစ္စည်းကို လမ်းကြောင်းသုံးကြောင်းခွဲပြီးပို့ဆောင်ကြဖို့စီစဥ်ကာ ရထားလမ်းကြောင်းနဲ့ နိုဗာကပို့ဆောင်ပေးရသူဖြစ်ခဲ့တယ်။
တစ်ယောက်ထဲ ပစ္စည်းများများသယ်လို့ကလဲ မဖြစ်တော့ တစ်ိနိုင်တစ်ပိုင်ဖြစ်စေဖို့လဲ ပါတာပေါ့။
အကယ်၍ တစ်စုံတစ်ယောက်က ဖမ်းဆီးခံရရင်တောင် ကျန်တဲ့သူတွေက အချိန်မှီလိုအပ်နေသူတွေဆီကို ဒီပစ္စည်းတွေ အရောက်ပို့နိုင်စေဖို့လဲ ပါပါတယ်။
လမ်းကြောင်းခွဲပြီးသယ်ပို့ပေးကြခြင်းပါ။
အခက်အခဲပေါင်းများစွာနဲ့ ဒီလိုတွေလုပ်ဆောင်ရတာပါ။ ဒါဟာ တစ်ဦးတစ်ယောက်ကောင်းစားဖို့တော့ ဘယ်ဟုတ်ပါ့မလဲ။ ကြီးပွားချမ်းသာချင်လို့ ငွေရလွယ်တဲ့မှောင်ခိုအလုပ်တွေလဲ မဟုတ်ရပါဘူး။ ဆိုးဝါးလှတဲ့ အခြေအနေတွေကြောင့်သာ ရွေးချယ်ခဲ့ရတဲ့လမ်းဖြစ်ပါတယ်။
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...