မိုးလင်းကာစမှာပင် ရထားတာဝန်ရှိသူတွေက နောက်တွဲမပါတဲ့စက်ခေါင်းကိုမောင်းကာ ရထားရှိရာကိုရောက်လာကြပါတယ်။
ရထားတာဝန်ရှိသူတွေက ရထားလမ်းပေါ်ပြန်တင်ဖို့အလုပ်ရှုပ်နေကြသလို ကျော်စိုးမိုးတို့လူစုလဲ အထုတ်ကိုဖြေကြဖို့ အလုပ်ရှုပ်နေပါပြီ။တက်ဘုန်းလူလဲ အထုတ်ရှိရာကို လိုက်သွားရတယ်။
ကိုနိုဗာက တွဲပေါ်မှာအိပ်ပြီးကျန်နေခဲ့တယ်ဆိုပေမဲ့ ပြီးရင်အမေးတော်ရှိမယ်လေ။ မဖြေနိုင်ရင် ကောက်အုံးမယ်။
ဘက်ပြောင်းလာတာရောဟုတ်ရဲ့လားအစချီကာ လူကို မယုံကြည်ဘူးဆိုတဲ့စကားတွေနဲ့ ထိုးနှက်မည်။ ဒါကြောင့် သူမေးလျှင်ဖြေဖို့အတွက်ရော ကိုယ်တိုင်လဲသိချင်တာကြောင့်ရော ဟိုကောင်တွေတစ်မျိုးမထင်စေဖို့အတွက်ရောပေါ့.... လိုက်လာခဲ့တယ်။"ဟေ့.... ဒီအထုတ်က... ပိုင်ရှင်မရှိတာ....သေချာလား''
တွဲဘေးကနေကပ်လျှောက်ရင်း ငှက်ကြီးကမေးတယ်။ ခရီးသည်တွေက မျက်နှာငယ်လေးတွေနဲ့။
"ကဲ.... ငှက်ကြီး.... မေးမနေနဲ့....ပိုင်ရှင်ရှိလဲ... ဒီအချိန်မှတော့.... ပိုင်ရှင်လို့....ဘယ်သူမှထမပြောဘူး... လုပ်စရာရှိတာကိုလုပ်စမ်းပါ.... မင်းအသံကြားရတာ... အကုသိုလ်ပါကွာ''
.
.
.အထုတ်ကို အရင်ဆုံးဖြေရတယ်။ ဒီတိုင်းလက်နဲ့ပဲ သတိထားကာ ဖြေးဖြေးချင်းဖြေရတယ်။ သေချာတာကတော့ ပေါက်ကွဲစေတဲ့ပစ္စည်းပါတယ်ဆိုရင်တောင် အကြာကြီးဒီတိုင်းထားတာမို့ ပေါက်ကွဲဖို့ကမသေချာတော့။ ဒါ့အပြင် လူအများစီးနင်းလာသော ရထားပေါ်တွင် ပြည်သူများထိခိုက်စေနိုင်သောအရာကို သူတို့မသယ်ဆောင်လာတာသေချာသည်။
တက်ဘုန်းလူက အဲ့ဒီစကားကို ပြောတော့ ဟိုကောင်တွေက ဘာလဲဟဆိုပြီး ကြည့်ကြသေးတာ။ မယုံရင်လဲနေ.... ငါဖမ်းခဲ့သမျှလူတွေ စစ်ကြည့်မေးကြည့်တိုင်း သူတို့ mission တွေမအောင်မြင်ရခြင်းရဲ့တစ်ဝက်က ပြည်သူတွေထိခိုက်မှာကို ရှောင်နေရတာကြောင့်ကွ...လို့ ပြောလိုက်တော့မှ ယုံသွားကြတာ။ တက်ဘုန်းလူက အမှန်တစ်ဝက် ထင်ရာတစ်ဝက်ပြောချလိုက်တာက မှန်သွားပုံရပါတယ်။
ESTÁS LEYENDO
On The Side Of Truth
Historia Cortaလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...