တက်ဘုန်းလူနဲ့နိုဗာ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ပြီး အားယူကြရတယ်။နိုဗာ ဒီလမ်းကိုရွေးချယ်မိပြီးကတည်းက ပထမဆုံးအကြိမ် အားအင်တွေကိုမျက်လုံးအကြည့်တွေကတဆင့် ယူမိတာ.... ကိုယ့်ရှေ့မှာရှိနေတဲ့လူနဲ့တွေ့မှ။
နိုဗာတို့အဖွဲ့မှာ တကယ်တမ်း နိုဗာကစိတ်အင်အားအခိုင်မာဆုံးလူလို့တောင် ပြောလို့ရတယ်။
နိုဗာ့မှာရှိတဲ့ ကြောက်စိတ်တွေကိုအမုန်းအဖြစ်ဖန်တီးခဲ့ပြီ။
နိုဗာ့မှာရှိတဲ့ တွေဝေခြင်းတွေကိုအနိုင်ရလိုမှုနဲ့လဲလှယ်ခဲ့ပြီ။
နိုဗာသိတာက ကိုယ်မှန်တယ်ထင်လို့ရွေးချယ်ခဲ့တဲ့လမ်းမို့ အဆုံးတိုင်ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်သွားရမယ်လို့ တွေးပြီးသား။အန္တရာယ်များလေ နိုဗာက ရဲရင့်လေဖြစ်ခဲ့ရတယ်။
မနေ့က ဒီရထားပေါ်ကိုအန္တရာယ်တွေကြားမှာပဲ နိုဗာစီးနင်းလာခဲ့တယ်။ ရထားကို သီးသန့်တွဲရဖို့ မှာပေးတဲ့သူကို ကျေးဇူးတင်ရင်းပေါ့လေ။
မလိုလားတဲ့ရထားစီးခရီးသည်တစ်ယောက် နိုဗာ့နားကိုရောက်လာတယ်။
ဒီအချိန်မှာ နိုဗာက တစ်ယောက်ထဲလုပ်ရမဲ့ကိစ္စတွေများတာမို့ ဘယ်သူပဲလမ်းကြုံလိုက်စီးပါစေ မလိုလားတဲ့ခံစားချက်ပဲ ဖြစ်မိမှာပါ။ကိုတက်ဘုန်းလူ နိုဗာ့တွဲကိုရောက်လာတုန်းက တကယ်ကြီး နိုဗာ စိတ်ညစ်သွားခဲ့တာလေ။ တစ်ညလုံး နိုဗာတစ်ယောက်ထဲလုပ်ရမှာတွေများရတဲ့အထဲ လူပိုတစ်ယောက်တက်လာတာ ဘယ်လောက်အနှောင့်အယှက်ဖြစ်သလဲနော်။
အခုရော..... နိုဗာနဲ့သူ ရထားကိုတူတူစီးဖြစ်ခဲ့ကြပြီး နာရီပိုင်းအကြာမှာရော သူ့အပေါ် နိုဗာ... ဘယ်လိုတွေးမိနေပါသလဲ။
လူတွေဟာ တွေ့ဆုံခြင်းတွေကို တားဆီးလို့မရနိုင်ပါဘူး။
ဒါ့အပြင် ခွဲခွာခြင်းတွေကိုလဲ ဘယ်လိုမှတားဆီးမရနိုင်တာသေချာပါတယ်။
ဘယ်လိုအကြောင်းတရားနဲ့ပဲ တွေ့ဆုံရသည်ဖြစ်စေ ကောင်းသောတွေ့ဆုံခြင်းနဲ့ တွေ့ရတဲ့သူဖြစ်စေချင်တဲ့စိတ်ရှိတယ်။
အားကိုးယုံကြည်စိတ်လဲဖြစ်လာတယ်။
ВЫ ЧИТАЕТЕ
On The Side Of Truth
Короткий рассказလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...