ဘူတာရုံရှေ့မှာ သုံးဘီးရပ်လိုက်တယ်။
"ဘယ်လောက်လဲ..... ညီလေး"
"ရပါတယ်...အစ်ကို.... ကျွန်တော်.... ဒီတိုင်းလိုက်ပို့ပေးတာပါ"
တက်ဘုန်းလူက ငယ်ရွယ်တဲ့သုံးဘီးသမားကိုတစ်ချက်ကြည့်မိတယ်။ လူမျက်နှာဆိုတာ တစ်ခါမြင်ရင်မှတ်မိတတ်တဲ့ တက်ဘုန်းလူက ဒီတစ်ယောက်ကိုတော့ဖြင့်မသိပါ။
"အစ်ကိုတို့.... လေးအိမ်စည်မှာနေတုန်းက... ကျွန်တော်တို့နဲ့....တစ်ရပ်ကွက်ထဲပါ.... ကျွန်တော်က ငယ်သေးလို့အစ်ကို.... မမှတ်မိတာပါ"
လေးအိမ်စည်ဆိုတာ ရထားလမ်းဘေးက ရွာကြီးတစ်ရွာပါ။ အရင်က တက်ဘုန်းလူတို့မိသားစုနေထိုင်ခဲ့တယ်။ အခုရထားလမ်းဖြတ်သွားတဲ့ရွာတွေထဲမှာ ရထားရပ်ပေးတဲ့တစ်ခုတည်းသောရွာဆိုရင်လဲ ဟုတ်တယ်။ ရွာဆိုပေမဲ့ မြို့ငယ်တစ်မြို့လိုစည်ကားပြီး ဖွံ့ဖြိုးတယ်။ အဖေနဲ့အမေ မဆုံးပါးခင်နေခဲ့တဲ့ရွာဖြစ်တယ်။
"ဘယ်သူ့သားလဲ...."
တက်ဘုန်းလူက အရွယ်ရောက်သည်အထိနေထိုင်ဖူးတာမို့ ဒီကောင်လေးကိုမသိရင်တောင် သူ့မိဘတေွကိုတော့သိနိုင်မယ်။
"ဦးလူလေးရဲ့သားပါ.... အစ်ကို"
"သြော်....သိပြီ.... ဒေါ်လေးပုတုရဲ့သား.... ငါ့ညီပဲ"
အဲ့တော့မှ ထိုကောင်လေးက ခပ်ပြုံးပြုံးဖြစ်သွားပြီး ခေါင်းတဆတ်ဆတ်ညိမ့်ပြတယ်။
"ဟုတ်တယ်....ဟုတ်ပါတယ်....အစ်ကို"
"မင်းကလဲ....စောစောကပြောပေါ့.... မှတ်မိသွားအောင်"
"မဟုတ်ပါဘူး....အစ်ကို.... အစ်ကိုက....ရုံးထဲကထွက်လာတာဆိုတော့....နည်းနည်း.... ဟိုဒင်း....."
သူ့ခေါင်းကိုသူပွတ်လိုက်ကုတ်လိုက်လုပ်ရင်း ထိုကောင်လေးကပြောတယ်။
သိပါတယ်.... အဖွဲ့အစည်းကလူတွေကို သူတို့နည်းနည်းရှိန်ကြတယ်ဆိုတာ။ ထိုသို့သောလူတွေထဲမှာမှ တက်ဘုန်းလူက ပိုနာမည်ကြီးပြီး ပိုကြောက်စရာကောင်းတာ အားလုံးသိကြပါတယ်။ ဒါ့အပြင် တက်ဘုန်းလူက အရမ်းချောမောနေတဲ့သူမဟုတ်ပေမဲ့ ကြည့်ကောင်းရုံလောက်တော့ ရှိတယ်။ ရာထူးနဲ့လုပ်ရည်ကိုင်ရည်က တက်ဘုန်းလူရဲ့ လူရောင်လူဝါကို ထောက်ပံ့ပေးထားသလို ဖြစ်နေသေးတာ။
တော်ရုံလူက တက်ဘုန်းလူကိုဆိုရင် နာမည်နဲ့တင်ရှိန်တယ်။
KAMU SEDANG MEMBACA
On The Side Of Truth
Cerita Pendekလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...