"ဟုတ်တယ်.... ကိုတက်ဘုန်းလူ.... လူသားချင်းစာနာထောက်ထားမှုမရှိဘဲ.... ငါတကော...ကောတဲ့နေရာမှာ... တာဝန်ကျေရတာ...အရမ်းတော့အဆင်မပြေဘူး...အဲ့ဒါကို... မှန်တယ်လို့လဲ...ပြောလို့မရဘူး"တာဝန်မှ တာဝန်... အလုပ်မှအလုပ်ဆိုပြီးနေလာခဲ့တဲ့ တက်ဘုန်းလူတစ်ယောက် နိုဗာ့စကားကို အထပ်ထပ်အပြန်ပြန်ကြားယောင်မိရင်း... စိတ်တွေလှုပ်ရှားလာတယ်။ နိုဗာဆိုလိုတာကို တက်ဘုန်းလူ ကောင်းကောင်းကြီးသိပါတယ်။
"ဖြစ်နိုင်ရင်.... ဘယ်သူကတော့...တရားမဝင်တာတွေ..အန္တရာယ်များတာတွေကို...အသက်ရင်းပြီး...လုပ်ချင်ပါ့မလဲ... နော်"
"နေအုံး.... နေအုံး....နိုဗာ... ခဏလေး...ကိုယ်မေးတာလေးကိုအရင်ဖြေပါ"
နှစ်ယောက်လုံး မထူးဇာတ်ခင်းကြရတော့မယ်။
တက်ဘုန်းလူဘက်ကအတွေးက သူ တာဝန်ထမ်းဆောင်နေတယ်။ အရင်တာဝန်တွေကို တက်ဘုန်းလူက ကောင်းကောင်းထမ်းဆောင်နိုင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လျှို့ဝှက်စွာ သေသပ်စွာ ပိရိစွာထမ်းဆောင်ခဲ့တာကြောင့်ပေါ့။ အခုလို ကိုယ့်မျက်စိရှေ့ရောက်နေတဲ့ ကိုယ်နဲ့ဘက်မတူတဲ့လူ ယုံကြည်မှုကွဲပြါးတဲ့လူ လျှောက်တဲ့လမ်းချင်းဆန့်ကျင်ဘက်လူကို ထွေထွေထူးထူး ဘာမှရှင်းမပြဘဲ ကွိကနဲနေအောင်
ဖမ်းဆီးနိုင်ရမယ်လေ။ တက်ဘုန်းလူက ဒီရထားပေါ်မတက်ခင်လေးတင်မှာပဲ တာဝန်ကလွဲပြီးဘာမှ မတွေးထားတဲ့လူတစ်ယောက်ပေါ့။
နိုဗာရဲ့မျက်နှာကို ကြည့်ရင်း တက်ဘုန်းလူ ပိုပြီးနားလည်လာတာတစ်ခုရှိတယ်။ အဲ့ဒါက နိုဗာ့မျက်ဝန်းတွေနဲ့အကြည့်ဆုံတိုင်းမှာ ဖြစ်ပေါ်လာတယ်။
နိုဗာ့ကို လုံခြုံစေချင်တာပါ။
မြင်မြင်ချင်းမှာပဲ ခံစားချက်ကြီးကထူးဆန်းလွန်းလို့
တက်ဘုန်းလူ ရူးတောင်ရူးချင်တယ်။
သိစိတ်နဲ့ မသိစိတ်မဟုတ်ဘဲ သိစိတ်နှစ်ခုလွန်ဆွဲအားပြိုင်နေသလိုဖြစ်နေတာ။
တစ်ဖက်သိစိတ်က တာဝန်ကိုမနေ့မနက်အထိကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ တက်ဘုန်းလူဖြစ်ပြီး နောက်ထပ်သိစိတ်တစ်ခုက နိုဗာဆိုတဲ့ကောင်လေးကိုလုံခြုံစေချင်တဲ့စိတ်။.
.
.နိုဗာကရော.... တစ်သက်လုံးအေးအေးဆေးဆေးနေလာခဲ့သူတစ်ယောက်။ ပင်ပန်းခြင်းဆင်းရဲခြင်းလမ်းကို
ရွေးမိခဲ့တယ်။ နောင်တမရသလို နောက်ဆုတ်ဖို့လဲစိတ်ကူးမရှိဘူး။ သေလဲတစ်သက် ရှင်လဲတစ်သက်ဆိုတဲ့စိတ်နဲ့ ရွေးချယ်ခဲ့တဲ့လမ်း။
သို့သော်... ဒီခရီး ဒီလမ်း ဒီရထားပေါ်မှာ တစ်စုံတစ်ယောက်ကို မှီခိုချင်လာတယ်။ အရင်လို သူငယ်ချင်းတွေနဲ့တူတူစုပေါင်းလုပ်ဆောင်ရတာမဟုတ်ဘဲ ကိုယ်တစ်ယောက်ထဲဖြစ်နေလို့များလားလို့ တွေးမိပေမဲ့ အလုံးစုံတော့ မဟုတ်ဘူး။ ဒါဆို နိုဗာဘာဖြစ်သွားတာလဲ။
သူက သူ့တာဝန်တွေထမ်းဆောင်တာ တော်ပုံရပါတယ်။
အနေအထိုင် အပြောအဆိုကအစ အားကိုးချင်စရာဖြစ်နေတာ။ ပြီးတော့ သူ့လိုလူစားမျိုးသာ ကိုယ်တွေဘက်ကိုစိတ်ပြောင်းလာရင်လို့ တွေးမိသေးတယ်။
ကျန်စစ်သားက ဥဿပဲခူးကို စစ်သည်လေးသိန်းနဲ့ညီမျှသော လူသားစစ်သည်လေးဦးပို့ပေးသလိုပေါ့လေ။
သူတစ်ယောက်နဲ့တင် ကိစ္စတော်တော်များများ အဆင်ပြေနိုင်မယ်လို့ ထင်မိတယ်။
သူ့လိုလူတွေကို နိုဗာတို့လိုအပ်ပါတယ်။
ရဲရင့်ပြီးသတ္တိရှိသော .... အမှန်တရားဘက်မှာရဲရဲရပ်တည်ရဲသူတွေပေါ့လေ။
နိုဗာတို့မှာ အရဲစွန့်ပြီး ကြိုးစားလုပ်ကိုင်နေရပေမဲ့ တကယ်တမ်းမှာ လိုအပ်ချက်ပေါင်းများစွာရှိပါတယ်။
ပြီးတော့ ထူးဆန်းတာက အခုမှတွေ့ဖူးတဲ့သူကို အရမ်းရင်းနှီးယုံကြည်နေမိတယ်။
သူက ကိုယ်နဲ့ဆန့်ကျင်ဘက်လမ်းကလူလို့သိတာတောင်မှလေ။
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...