အပြင်မှာ ဘာတွေဖြစ်နေသည်လဲမသိရ။ ဤအခန်းငယ်ထဲတွင် တက်ဘုန်းလူ နှစ်ရက်တိတိချုပ်နှောင်ခံထားရသည်။ ဘာတွေဆက်ဖြစ်မည်ဆိုတာကို တက်ဘုန်းလူ သိသည်။ စစ်ကြောရေးခန်းထဲမှာ သူကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့သော လူပေါင်းများစွာ။
ဦးမြတ်သူက တက်ဘုန်းလူကို ရွှေဝတ်မှုန်စစ်ကြောရေးတွင်သာ ဖမ်းဆီးထားသည်။ တခြားကိုမပို့သေးပါ။
ရွှေဝတ်မှုန်စစ်ကြောရေးခန်းသည် အရမ်းအခြေအနေဆိုးသောစခန်းမဟုတ်ပေမဲ့ လွယ်တော့မလွယ်။
ဒါ့အပြင် ဦးမြတ်သူ၏ဒေါသသည် တက်ဘုန်းလူအပေါ်တွင် မကျေလည်သေး။ ထူးဆန်းတာတစ်ခုကတော့ ပထမဆုံးနေ့က အနည်းငယ်သာမေးမြန်းပြီးတစ်ချက်နှစ်ချက်ရိုက်သွားခဲ့တာ.... ဒီအခန်းထဲကိုတော့ ဦးမြတ်သူရော ကျော်စိုးမိုးပါတစ်ခေါက်မှ ထပ်ရောက်မလာကြသေး။.
.
.ကျွီ.....
တံခါးဖွင့်သံနှင့်အတူ အခန်းထဲကိုဝင်လာသော ငှက်ကြီးနဲ့ကျော်စိုးမိုး..... အသက်ရှည်အုံးမယ်။
တွေးနေလို့မှမဆုံးသေး.... ဝင်လာကြတယ်။.
.
."ဟေ့ကောင်.... မင်း.... မနက်ဖန်.... နာမည်ကြီးစစ်ကြောရေးခန်းကို.... သွားရတော့မှာ.... မသွားချင်ရင်....ငါတို့မေးတာကို.... ကောင်းကောင်းဖြေ''
"...........''
တက်ဘုန်းလူက ဘာမှပြန်မပြော။
"ငါဠိုးကောင်.... မင်းတော်တော်ဖင်ယား..... အခု... မင်းကြောင့်.... ငါတို့ပါကွိတော့မလို့..... သေချင်းဆိုး.... ငါလုပ်ရင်သေတော့မယ်''
ငှက်ကြီးက လက်တရွယ်ရွယ်နဲ့ တက်ဘုန်းလူကိုပြောတယ်။ တက်ဘုန်းလူ ငှက်ကြီးကိုပေပြီးကြည့်နေလိုက်တယ်။
အကြည့်တွေက သောက်ဂရုမစိုက်ဘူးလို့ပြောနေတာ။
တက်ဘုန်းလူရဲ့အကြည့်ကြောင့် ငှက်ကြီးပိုတင်းသွားတယ်။"ဘာလဲ.... ဟေ့ကောင်.... ပြော.... မင်း.... လင်လေးလေ.... အဲ့ကောင်ပါဖမ်းမိရမှာ.... ငါ....လက်ယားနေတာ.... ငါကိုယ်တိုင်အမှုန့်ချေချင်တာ.... မင်းလင်လေးဘယ်ကိုသွားသလဲ.... မင်းသိတယ်မှလား... ပြောရင်သက်သာမယ်နော်... သူတောင်းစား... ကြားလား''
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...