part(15)Unicode

295 37 6
                                    

တိမ်းစောင်းကာ တွဲချော်နေတဲ့ရထားတွဲပေါ်က ခရီးသည်တွေကို အခြားတွဲပေါ်ကို တက်ခိုင်းရတယ်။
ကျန်တဲ့တွဲလေးတွဲကိုမျှပြီး တင်လိုက်ရတာပေါ့။
ကုန်တွဲထဲက ကုန်တွေကိုလမ်းဘေးမှာ ပုံထားကြရပါတယ်။

"မင်းတို့.... အခုစစ်တော့မှာလား"

အလုပ်များနေတဲ့ ကျော်စိုးမိုးနဲ့ငှက်ကြီးတို့အဖွဲ့ကို တက်ဘုန်းလူ မေးတယ်။
ရထားလမ်းဘေးတစ်နေရာမှာအေးအေးလူလူ ဆေးလိပ်သောက်နေတဲ့ တက်ဘုန်းလူအနားကို ငှက်ကြီးတို့ ရောက်လာတယ်။

"စစ်ရမှာပဲလေ...."

"အေး....စစ်.... ငါပြန်အိပ်လိုက်အုံးမယ်"

"လချီး..... မင်း.... တော်တော်.... တာဝန်မဲ့တဲ့ကောင်''

ငှက်ကြီးက မကျေနပ်ပါ။ တက်ဘုန်းလူကိုလဲ ဝိုင်းကူစေချင်နေသေးတာ။

"မင်းတို့သာ.... တာဝန်ကျေအောင်လုပ်.... ငါ့ကို...မဝေဖန်နဲ့.... ငါနဲ့မင်းတို့နဲ့....တာဝန်ချင်းတူသလား"

"သောက်ပိုမပြောနဲ့.... ငါတို့ကိုကူဖို့လွှတ်လိုက်တာမှလား"

"မဟုတ်ဘူး....ငါက...ငါ့တာဝန်နဲ့ငါ"

"ဘာတာဝန်လဲ....ပြော...."

"မင်းတို့အလုပ်လုပ်တာကို.... သေချာအောင်....ပြန်စစ်ပေးဖို့ပဲ.... သဘောပေါက်လား.... မင်းတို့အလုပ်လုပ်တာကို.... ငါကြည့်နေရုံပဲ"

"ဒါဆို.... လိုက်ကြည့်လေကွာ.... ဠီးဖြစ်လို့.... ပြန်အိပ်မှာလား"

"မအိပ်ရသေးဘူးကွ.... ခွေးသားရဲ့"

"မအိပ်ဘဲ....ဘာလုပ်နေလဲ.... ညနှစ်နာရီထိ"

တက်ဘုန်းလူ နိုဗာ့မျက်နှာကိုမြင်ယောင်လာပါတယ်။

"ဘာလုပ်လုပ်ကွာ.... မင်းအပူမပါဘူး"

"ကဲ....ဟေ့ကောင်တွေ.... စကားများမနေနဲ့.... အချိန်မရှိဘူး.... ငါတို့စစ်တော့မယ်.... မင်း.... တစ်ချက်တော့ကြည့်ပေး.... တက်ဘုန်းလူ.... စစ်နေတုန်းမှာ....ရထားပေါ်ကဆင်းပြေးတာမျိုးတွေ့ရင်.... ပစ်လို့ရတယ်.... မင်းလဲသိတယ်မှလား"

"အေးပါ.... ကြည့်နေပါ့မယ်....ဒါဆို...ငါသွားပြီ...မင်းတို့လဲ....သေချာတော့စစ်နော်.... လမ်းဘေးနှစ်ဖက်လုံးက... ဗြောင်ကြီးပဲကွာ...ကွယ်စရာလဲနေရာမှ...မရှိတာ.... ထွက်ပြေးရင်.....အသိသာကြီး"

On The Side Of TruthWhere stories live. Discover now