နောက်တစ်ထုပ်က ငါးဖယ်ငါးဆုပ်ဟင်းလေးနဲ့ပါ။
ဟင်းရည်အနှစ်ပါတာမို့ စားလို့တော်တော်ကောင်းပါတယ်။တက်ဘုန်းလူက နိုဗာ စားလက်စထမင်းထုပ်နဲ့သူစားလက်စထမင်းထုပ်ကို ရောနယ်ခိုင်းလိုက်ပါပြီ။
သူ့ထမင်းထုပ်ထဲမှာ ခြောက်သွေ့နေတာမို့လေ။
ဒါကြောင့် နိုဗာက လက်ဆေးရည်နဲ့လက်ကိုတစ်ခေါက်ထပ်ဆေးပြီး ထမင်းကိုလက်နဲ့ပဲနယ်လိုက်ပါတယ်။
တက်ဘုန်းလူက ဇွန်းနဲ့ခပ်စားပြီး နိုဗာရဲ့လက်ကပေလက်စနဲ့မို့ လက်နဲ့ပဲစားလိုက်ပါတော့တယ်။
တက်ဘုန်းလူအတွက် ကြက်သားကြော်လေးဖဲ့ပေး ငါးဖယ်လေးဖဲ့ပေးလဲ လုပ်ပေးပါတယ်။
ထမင်းစားနေရင်းမှာ သူတို့စကားတစ်ခွန်းမှထပ်မပြောဖြစ်ကြပေမဲ့ မကြာခဏပဲ တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြပါတယ်။ထမင်းသုံးထုပ်ကိုနှစ်ယောက်သားကုန်အောင်စားပစ်လိုက်ပါတယ်။
.
.
.နိုဗာက အိပ်စင်နောက်က အိပ်သာနဲ့တွဲရက်ဘေစင်မှာ လက်ကို ဆေးပါတယ်။
တက်ဘုန်းလူကတော့ ခုံလေးမှာထိုင်ရင်း နိုဗာ ပြန်အလာကိုစောင့်တယ်။
ထမင်းစားပြီး ချက်ချင်းမအိပ်နိုင်မဲ့အတူတူ နိုဗာနဲ့စကားပြောရင်းနေချင်တဲ့စိတ်ဖြစ်လာတာမို့ နိုဗာ့ကိုစောင့်နေပါတယ်။ နိုဗာက သူ့အကြောင်းပြောချင်ပါ့မလားမသိပေမဲ့ ကိုယ်ကတော့ပြောပြချင်စိတ် ဝင်လာတယ်။အရှိန်ရနေတဲ့ရထားက ယိမ်းထိုးလှုပ်ရှားနေပါတယ်။
တစ်ချက်မှာ တော်တော်လေးခုန်သွားတဲ့ရထားကြောင့် နံရံမှာကပ်ပြီး နိုဗာစီထားခဲ့တဲ့ ရေဗူးတွေ လဲကျကုန်ပါတယ်။ တက်ဘုန်းလူက ထိုရေဗူးကို ခြေထောက်နဲ့ဖမ်းထိန်းလိုက်သေးတယ်။ ဒါပေမဲ့ မရပါဘူး။ ရှေ့ကိုတလိမ့်လိမ့်နဲ့ရွေ့သွားတဲ့ရေဗူး....
ထိုရေဗူးကိုကောက်ကာ တက်ဘုန်းလူက နေရာမှာပြန်ထားဖို့ လုပ်ပေးမိပါတယ်။
တစ်လက်စထဲ ကျွတ်ကျွတ်အိတ်တစ်လုံးလောက်ပါလာရင်ကောင်းမယ်လို့လဲတွေးမိတယ်။ ကျန်တဲ့ရေဗူးတွေကို နိုဗာက လွှတ်ပစ်ချင်မယ်မထင်ပါ။ ရေဗူးခွံတောင်းတဲ့လူတွေ ထပ်တွေ့ရင် သူပေးချင်အုံးမှာပါပဲ။တက်ဘုန်းလူရေဗူးကိုကုန်းပြီးအကောက်.... ထိုင်ခုံအောက်မှာ အထုတ်ကြီးတစ်ထုတ်ကို တွေ့လိုက်ပါတယ်။ ခုံပေါ်ကနေဆင်းကာ ခုံအောက်ကိုငုံ့ကြည့်ရင်း လက်နဲ့ထိကြည့်မိတဲ့အခါ....
YOU ARE READING
On The Side Of Truth
Short Storyလမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှောက်ရင်း မင်းနဲ့တွေ့ဆုံခဲ့တာကတော့ အမှတ်တရပါပဲ။ ဒီလမ်းပေါ်မှာပေါ့.... တိတိကျကျဆိုရရင်... လမ်းပေါ်မှာမော...