Part 4

29.2K 1.5K 58
                                        

Unicode

"သား ခက်ထန် လေးလေးကိုကျောက်သွားပို့ပေးပါလား"

"ပို့ယုံပဲလား လေးလေး"

"အင်း ပို့ယုံပဲ"

သူ့လေးလေးစားပွဲပေါ်တင်ပေးတဲ့ကျောက်ဗူးကို ဘောင်းဘီအိပ်ကပ်ထဲကောက်ထည့်ကာထွက်လာခဲ့လိုက်၏။ ဦးခက်မုန်းမှာ တူတောင်မောင်ကိုကြည့်ကာအံ့ဩလို့မဆုံး။ ဒေါ်လာသိန်းချီရမယ့်ကျောက်ဘူးကိုဘောင်းဘီအိပ်ထဲထည့်သွားတာကြောင့်ဖြစ်သည်။ ခက်ထန်ပျိုတို့က ကလေးကစားလိုပဲကိုင်တွယ်နေတာ။

"လေးလေးလိပ်စာ ပို့လိုက်"

အိမ်အဝကိုပြန်ဝင်ကာအော်ပြီးပြန်ထွက်သွား၏။ ခဏအကြာတော့ကားသံကြားပြီးထွက်သွားပြီဖြစ်သည်။ ဦခက်မုန်းမှာ ဖုန်းမှတဆင့်ချိန်းထားတဲ့သူနဲ့တွေ့ဖို့လိပ်စာကိုစာပို့လိုက်ရ၏။ တစ်ဖက်ကကျောက်မှာတဲ့သူနဲ့အဆင်ပြေပြေဖြစ်ဖို့ပဲမျှော်လင့်ရ‌တော့တာပဲ။ ခိုင်းဖို့ကလဲ PA ဖြစ်သူ မောင်သန့်စင်မှာလဲတခြားကိစ္စခိုင်းထားတာကြောင့်မအား။ ဦးခက်မုန်းမှာ ခိုင်းသာခိုင်းရတယ် မျက်ခုံးကလှုပ်တုတ်လှုပ်တုတ်နှင့်။ ဘာများဖြစ်လာမလဲလို့ရင်ထိတ်နေရတော့၏။

အဆင့်မြင့်ဟိုတယ်ရဲ့ အောက်ထပ်က cafe တစ်ခုမှာတော့ ခက်ထန်ပျိုလေးလေးပစ္စည်းပေးခိုင်းတဲ့လူကိုပစ္စည်းလာပို့တာဖြစ်သည်။ သူရောက်သည့်တိုင်ထိုသူကရောက်မလာသေး။ ဒါတွေကို ခက်ထန်ပျိုတို့ကမကြိုက် ချိန်းတဲ့အချိန်ကွက်တိကျမှကြိုက်သည်။ သူဆိုရင်လဲသူများချိန်းတဲ့အချိန်မဖြစ်ဖြစ်တဲ့နည်းနဲ့အချိန်မှီရောက်အောင်သွားတတ်၏။ လူတွေကတစ်ယောက်နဲ့တစ်ယောက်မလေးစား။

"Sorry ကိုယ်ဖုန်းဝင်လာလို့နည်းနည်းနောက်ကျသွားတယ်"

ရှေ့ကလေးလေးပြောတဲ့ မင်းခေါင်ဆိုတဲ့သူပဲဖြစ်ရမယ်။ ကျောက်တွင်းတွေရှိတဲ့နေရာကလာပြီးဘာဖြစ်လို့သူတို့ဆီမှာကျောက်ပြန်ဝယ်နေရတာလဲ။ အဲ့နေရာတွေမှာကိုယ့်ဆီကမဟုတ်တောင်တစ်‌ခြား‌သူတွေဆီမှာအလွယ်တကူဝယ်လို့ရနေတာကို။ နောက်ကျသွားတယ်ဆိုတဲ့စကားကို မျက်လုံးမှေးဆင်းပြီးထိုင်ပါဆိုတဲ့အကြည့်နဲ့ကြည့်ပေးလိုက်၏။

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now