Part 22

25.5K 1.2K 8
                                        

Unicode

Buzz~Buzz~Buzz

ဖုန်းမြည်သံကတောက်လျှောက်ထွက်လာပေမယ့်ကိုင်မယ့်သူနှစ်ယောက်ကတော့ စောင်ပုံထဲမှာတုတ်တုတ်မလှုပ်။ ဆက်တိုက်မြည်နေတဲ့ ဖုန်းသံကြောင့် စက်မုန်ဖုန်းကိုစမ်းကာကိုင်လိုက်၏။

"ဟလို"

........

"ကျွန်တော့ဆီမှာ လေးလေး အိပ်နေတုန်း"

.......

"အင်းအင်း ဒါပဲ"

အိပ်ချင်မူးထူးအသံနဲ့ပြန်ဖြေရင်းဖုန်းချလိုက်တော့သည်။ လေးလေးကသူ့တူလေးပြန်မလာလို့သူ့ဆီဖုန်းဆက်မေးတာဖြစ်၏။ ထို့နောက်တော့ပြန်မအိပ်တော့ပဲမျက်လုံးတွေဖွင့်ကာသူ့ရင်ခွင်ထဲကျောအပ်အိပ်နေတဲ့အငယ့်ကိုတိုးဖက်လိုက်ပြီး ဆံပင်တွေထဲနှာခေါင်းနစ်ဝင်အောင်တိုးကာနမ်းလိုက်သည်။ စောင်အောက်မှာရှိနေသေးတဲ့သူတို့နှစ်ယောက်ခန္ဓာကိုယ်မှာအသားချင်းတွေထိကပ်နေပြီး ခက်ထန်ကိုယ်မှာနွေးတေးတေးဖြစ်နေတာ စက်မုန်ခံစားမိလိုက်၏။ အငယ် ကိုယ်ပူနေတာလားဟုစိတ်ထဲကပြောကာ ခက်ထန်ကိုသူ့ဘက်လှည့်ယူဖို့ကိုယ်ချင်းခွာလိုက်သည်။ ကိုယ်ချင်းခွာလိုက်ချိန်မြင်တွေ့ရတဲ့ လက်ဖြန်ကခပ်ညိုညိုဖြစ်နေတဲ့အရာကိုတွေ့ကာ သူ့မျက်ခုံးတွေတွန့်ချိုးကုန်တော့သည်။ ဒါကဘာသဘောလဲ အရိုက်ခံထားရတဲ့အရာလေ။ အငယ်အရိုက်ခံထိထားတာလား။ ဒါကိုသူက!!

"ဟာကွာ"

စောင်တွေကိုလှပ်လိုက်တော့ အငယ်ကပိုကျုံ့သွားပြီး

အင့်!

မနိုးသေးပဲ သူနာနေကြောင်းအသံပိစိလေးထုတ်သည်။ မဖြစ်အငယ်ကိုစောင်ပြန်ချုံပေးပြီးသူရေအရင်ဝင်ချိုးလိုက်၏။ ရေချိုးနေရင်း စောင်လှပ်လိုက်တုန်းကမြင်ရတဲ့ အဝတ်မပါတဲ့အငယ့်ခန္ဓာကိုယ်ကြောင့် သူ့အရာက မာလာလို့ဖြေလျော့ရသေးတယ်မလား။ ရေပူးရေအေးစပ်ကာ ခါးကိုသဘတ်တစ်ထည်ပတ်ပြီးအပြင်ထွက်ခဲ့လိုက်၏။ အငယ်မျက်နှာလှည့်အိပ်နေတဲ့ဘက်သွားကာ

ရှူး! ရှူး!

နဖူးလေးကိုနမ်းလိုက်ပြီး ပါးကိုနစ်ဝင်အောင်နမ်းလိုက်ကာ

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now